နင်ရေးတဲ့ ကဗျာတွေကို ပထမဦးဆုံး ကွန်းမန့်ပေးသူ ငါသာဖြစ်ရပါလို၏-ရွှေကြယ်မိုး
ဒင်္ဂါးပြားကို လက်နဲ့လှည့်
ကျလာတဲ့ တစ်ဖက်ဟာ မင်းဖြစ်ပြီး ကျန်တစ်ဖက်ဟာ ငါဖြစ်တယ်
ဝတ်မှုန်တွေကို လက်ဖြန့်ကူး
ရနံ့ခတ်သံတွေရဲ့ အစွန်ဖျားနှစ်ဖက်မှာ မင်းနဲ့ငါ ထိုင်နေတယ်
ဟိုဟို ဒီဒီ လူးလားခေါက်တုံ့
အစုန်အဆန်ဝဲဂယက် အကွေ့တစ်ခုမှာ မင်းနဲ့ငါ ဖြစ်တည်တယ်
မင်းကော…/ ငါ့လို
အရပ်တကာလှည့်ပြီး သင်္ခါရပန်းတွေ ပွင့်ဝေပေးဖူးလား
လောကအထုပ်ကိုဖြည် အရပ်တခွင် သစ္စာတွေဆိုဖူးလား
ကန်စပ်မှာထိုင် ကန်ရေကိုမကြည့်ပဲ ဘ၀ကို ငေးရီခဲ့ဖူးလား
ဆေးဆိုးပန်းရိုက်စာမျက်နှာပေါ် ဗလာအိတ်ကပ်ကို တင်ဖတ်ဖူးလား
မိမိကိုယ်မိမိ ပြင်းထန်စွာ မိုးမှောင်ကျခဲ့သူတို့ တွဲလက်များ မြဲခဲ့စေ
ပုံ- ပြဌာန်းခံတရားရုံးတော်
သူရဲကောင်းတွေက ကဗျာပန်းတွေပွင့်တယ် တဲ့
ငါတို့ဟာ ဖြစ်တည်မှုကို ကျမ်းကျေခဲ့
ငါတို့ဟာ ကဗျာပန်းတွေ ရဲနေအောင်ပွင့်ခဲ့
ငါတို့ဟာ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကျော်လွန်ခဲ့
အခြေနေတွေကွာခြားနေပေမယ့် ငါတို့ဟာ ပူးတွဲတရားခံတွေ
ကဗျာဆိုတာ လူမှုဘ၀ရဲ့ လက်မောင်းသွေးတွေကို ဆက်စပ်ပေးတယ်
စုန်းစုန်းနစ်အမှန်တရားတွေ ပိန်းပိတ်အောင်မှောင် မင်းလက်မောင်းက ကျတဲ့သွေး
ငါသာဦးဆုံး ရှိုက်ယူစပ်ယှက်ပါရစေတော့…။ ။
ရွှေ ကြယ် မိုး
www.shwekyalmoe.blogspot.com
Comment #2
ဘယ်သူလဲဗျာ
ဒီမှာ စိတ်ဓါတ်တွေ အရမ်းကျနေပြီ
သေချင်တယ်
အားပေးကြပါလား
ငွေရနည်းလေးဘာလေး ပေးကြပါလား
ဘယ်သူလဲဗျာ 1234
Comment #3
အားတင်းထားပါ အကိုရေ..
အကိုရေးတဲ့ ကဗျာတွေကောင်းပါတယ်…
စာမေးပွဲမှာ ကျတာပါ..။ အနုပညာမှာ မကျရှုံးဘူး.။ အကိုနိင်တယ်..။
ငွေရတာထက် တန်ဖိုးရှိတဲ့ကဗျာတွေ အကိုရပါတယ်…။
(ကဗျာဆရာအားလုံးကိုလေးစားလျက်)
Comment #4
ကြိုးစားထား ညီလေးရေ ဘာရယ်မဟုတ်ဘူး ဝင်ပြောင်သွားတာပါ
Comment #5
nice talkie combine with full intelligent ideas.
Comment #7
အရမ်းကျေးဇူးတင်ပါတယ်ဗျာ
ခုလိုမျိုး အားပေးဖော်တွေရှိတာ
တကယ်ကို လေးလေးစားစား ကျေးဇူးတင်ပါတယ်
အရမ်းကျေးဇူးတင်ပါတယ်
Comment #8
တက်ခတ် အလန်ကွာတာမိန်း..အိလေး..မစ္စတာ ဘလက်
အကုန်လုံးကို ကျေးဇူးတင်ပါတယ်
Comment #9
A za a za fighting !!!!!!! :’)
Comment #10
ကဗျာဆိုတာ လူမှုဘ၀ရဲ့ လက်မောင်းသွေးတွေကို ဆက်စပ်ပေးတယ်
စုန်းစုန်းနစ်အမှန်တရားတွေ ပိန်းပိတ်အောင်မှောင် မင်းလက်မောင်းက ကျတဲ့သွေး
ငါသာဦးဆုံး ရှိုက်ယူစပ်ယှက်ပါရစေတော့…။ ။
Comment #11
ကြိုက်တယ် ဒီအရွေ့ကိုတော့ 😉
Comment #15
ကဗျာလေး ဖတ်သွားပါကြောင်း
ကိုရွှေကြယ်မိုးစာမေးပွဲကျတယ်ဆိုတာတကယ်လားဗျ
ကိုရွှေကြယ်မိုးတကယ်စာမေးပွဲကျတယ်ဆိုရင်တော့ စိတ်တော်တော်ထိခိုက်နေမှာဘဲဗျာ
စာမေးပွဲတစ်ခါကျဖူးတဲ့လူက စာမေးပွဲအောင်ဖို့ကိုပိုအလေးအနက်ထားတတ်လာတယ်ဗျ အဲ့ဒီတော့စာမေးပွဲကျတာကို စိတ်အရမ်းကြီးထိခိုက်မနေပါနဲ့ဗျာ စာမေးပွဲကျတာရှက်စရာမဟုတ်ပါဘူး ရှေ့လျှောက်မရှုံးနိမ့်အောင်ကြိုးစားဖို့သာအဓိကပါ ။
With respect,
RAY
Comment #1
ရွှေကြယ်မိုးက ဘယ်သူ့ကို ပြောထားတာလဲပဲ…
အခု အခြေနေအရမ်းဆိုးနေတယ်ဆို
စာမေးပွဲကျတယ် ကြားတယ်
အရာရာက တိုက်ပွဲပါပဲ
တိုက်ပါ…
ရှင်ပြောပြောနေတဲ့ တိုက်ပွဲဟာ
ရှင့်ဘ၀မှာ စလာပြီ
……………………………………