အသင်္ချေ
မိုးနဲ့လေမကွဲတဲ့ မြို့ထဲမှာ
ကိုယ့်နေရာကိုယ်ပြန်ရှာရင်း
နေအစင်းစင်းဖြတ်မောင်းသွားကြ
ငါ့နာမည်ကိုပါ
သူမကျပျောက်ခဲ့တယ်….
နှင်းခါးခါးနဲ့ဇျော်တဲ့ဆောင်းတွေ
နွေက မစားတော့ဘူးလား
တိမ်ပါးပါးနဲ့မိုးကုတ်စက်ဝိုင်းမှာ
အမှတ်တရတွေ ရွာရွာချတယ်
သတိရပါတယ်…..
မလိုက်တော့ပါဘူးလေ
ကိုယ့်နာရီမှာကိုယ်နေကြရုံပဲ
တခါတခါတော့ တမ်းတမိပါလိမ့်မယ်
အဲဒီအခါ ငါ့ကဗျာလေး
ရွတ်ပေးပေါ့ကွယ်…
ရှိတယ်ရှိတယ်
နာကျည်းစရာတွေနဲ့ကျန်ခဲ့သူ
အယူခံတော့ ၀ါသနာမပါခဲ့ဘူး
ရူးချင်ရူးပါစေ
သူမနားတော့ သွားမနေတော့ဘူး…
တကယ်ပြိုင်လာမှတော့
ဘယ်မျဉ်းတွေက ဆုံမှာလဲ
လွတ်လပ်စွာပဲငါ သဘောကွဲခဲ့တယ်
ရင်ဘတ်တော့နှစ်ခြမ်းခြမ်းသွားခဲ့
အိပ်မက်တွေခန်းသွားတာထက်တော့
မြတ်ပါသေးတယ်…
ကဲ အနာဂတ်ရေ
ငါ့ကိုနေကွယ်ချင်ကွယ်ပါစေ
သူမနဲ့ဝေးရာမှာနေခွင့်ပေးပါ
အလွှာလွှာသောဘုံဘ၀မှာ
အဲဒီနာမည်တော့ မကြားပါရစေနဲ့ကွယ်
ငါတိုင်တည်ပါတယ် …
Comment #2
wow

Comment #4
ကောင်းလိုက်တဲ့ကဗျာလေးပါ.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းကောင်းတဲ့ ကဗျာလေးနော် .. တကယ်နှစ်သက်မိပါတယ် .. အားပေးနေပါတယ်နော်