မည်သူမှ ကွန်းမင့်မပေးသောကဗျာ
ကီးဘုတ်ခလုတ်တွေဆီ
လက်တွေ ရွှေ့ပြောင်းကစား
အွန်လိုင်းကဗျာတွေကို
စားသုံးဖို့ အသင့် အနေအထားနဲ့ .. ငါ
ကွန်နက်ရှင် တက်လာ
နောက် ကျသွားတဲ့အခါ
စိတ်တွေကလည်း
သူ့လိုပဲ ..
တက်တစ်ခါ ကျတစ်လှည့်
ငါ့ ကဗျာတစ်ချို့ကတော့
ကွန်းမင့်ကို တစ်မျှော်တစ်ခေါ်နဲ့ပေါ့ …
…. ကဗျာတွေ ဖတ်တယ်
…. ကဗျာတွေ ဖတ်တယ်
….. ကဗျာတွေ ဖတ်လိုက်တယ်
…. ကွန်းမင့်တွေ ဖတ်တယ်
…. ကွန်းမင့်တွေ ဖတ်တယ်
…. ကွန်းမင့်တွေ ဖတ်လိုက်တယ်
အကုန် အကုန်
ဖတ်ရင်း ဖတ်ရင်း
ကဗျာတွေ မှာ
မိုးလင်းသွားတဲ့ … ငါ့ညများ
ကဲ …
အခုရေးတာကတော့
ဘယ်သူမှ ကွန်းမင့်မပေးတဲ့ကဗျာပေါ့ …. ။
Comment #2
ပေးတဲ့လူ ရှိမှာပါ။အားပေးသွားပါတယ်။
By: mr.black at Nov 12, 2012
Comment #4
ကွန်မန့်ပေးကြသောကဗျာလို့ နာမည်ပြောင်းလိုက်ပါ အမ ..း )
By: တက်ခေတ် at Nov 12, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂