ချစ်လွန်းလို့ ပါ………
လေ ပြေတွေရဲ့
အတွေးက
ကျွန်တော် ကို ငိုအောင်စ
သူမနဲ့ တစ်ဖက်တစ်လမ်း
ချစ်ခြင်းအကဲစမ်းရင်း
ရောက်မှန်းမသိရောက်ရလေတယ်
ဝေမှန်းမသိ ဝေရလေတယ်
ဒုက္ခတစ်ချို့တစ်ဝက်နဲ့
သောကတောင်တန်းမှာ
အလွမ်းတို့ကို ထမ်းပိုးရင်း
ကျွန်တော်လေလမ်းလျှောက်ထွက်မိတယ်
အပြုံးမရှိ မျက်နှာတစ်ချို့ကို
ရင်ဆိုင်အားတင်းကာ ကျော်လွှားရင်း
သူမရဲ့ နုတ်ခမ်း သူမရဲ့ အနမ်းကို
ရံဖန်ရံခါ တော့
သတိရမိလေရဲ့
ချစ်ခြင်းဆိုတာရဲ့ အခြားတဖက်
ဘာများရှိမလဲ
စူးစမ်းစိတ်နဲ့
ဖွင့်ကြည့် တယ်
ဘယ်သူမှ မကြည့်တော့တဲ့
မှန်တစ်ချပ် ရယ်
လွမ်းလို့သေသွားတဲ့ သစ်ပင်လေးရယ်
ထူလို့တောင်မထနိုင်တဲ့ ကျွန်တော့် နှလုံးသားရယ်
ဒါတွေပဲ ကျွန်တော် ၀မ်းနည်းစွာတွေ့လိုက်ရတယ်
ထိုအချင်း အရာတို့နဲ့ အတူ
သူမ ဓါတ်ပုံအချို့
ကျွန်တော့် သံယောဇဉ် အများစုကို
နှောင်တည်း သိမ်းဆည်ရင်း
သော့ခတ်ခဲ့ပါရစေ
နေရစ်ခဲ့တော့ အလွမ်းရေ…….။
Comment #3
super like

Comment #4
misssssssssssss
cryyyyyyyyyyyy
painnnnnnnnnnn

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ်စမ်းလွန်သွားလို့ကိုး