ငါ့ဘ၀အတွက် အလိုအပ်ဆုံး
အိပ်မက်ကို စိုးမိုး
ရင်ခုန်ခြင်းကို
လှုပ်နိုးပြီး
အတွေးတို့ကို
ပိုင်စိုးနိုင်သူရေ
အလှကြီးမဟုတ်ပေမယ့်
ရိုးသားမှုကို
ပိုင်စိုးတဲ့မင်း
ဖြူစင်မှုကို
တန်ဖိုးထားတဲ့မင်း
ငါအချစ်ကို
ယုံကြည်တဲ့မင်း
ဘယ်လိုဖြစ်ဖြစ်
မင်းကငါ့ရဲ့ ဘ၀ပါ
ငါ့ရဲ့ အတွေးတို့ကို ယူပါ
ငါ့ရဲ့ အိပ်မက်တွေကို စိုးမိုးပါ
ငါ့ နှလုံးသားကို သိမ်းပိုက်ပါ
ပြီးရင် ငါ့အတွက်
တစ်ခုပဲလုပ်ပေးပါ
မနက်ဖြန်ဆိုတဲ့ အရာများစွာကို
ရင်ဆိုင်နိုင်ဖို့ ခွန်အားဖြည့်
အပြုံလေးတစ်ချက်တော့
ငါတောင်းဆိုပါရစေလား ချစ်သူ…………။
Comment #3
hit directly
😛
thx so much
By: ei lay at Nov 14, 2012
Comment #4
I Like very much !!!!
🙂
By: saung Hnin Phyu at Nov 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
u should smile firstly for ur girl!