ချစ်သူခေါ်ရာ ခရီးတစ်ခု
ချစ်သူ…
ရှင်ခေါ်ရာခရီးမှာ
ဓူဝံကြယ်တော့ မဆွတ်ခူးခိုင်းပါဘူး
ဟိုး .. ဥယျာဉ်ထဲကပန်း
ရှင်ဆွတ်ပေးရင် ကျေနပ်ပါ့မယ်။
ချစ်သူ…
လက်ညှိုးညွှန်ရာ တော့ ရေမဖြစ်စေချင်ပါဘူး
ဟိုး .. စမ်းချောင်းငယ်ကရေ
ရှင့်လက်ခုပ်နဲ့ခပ်တိုက်ရင် ကျေနပ်ပါ့မယ်။
ချစ်သူ…
ရွှေနန်းတော်ကြီးလည်း မက်မနေဘူးကွယ်
ဟိုး ..မြိုင်ယံတခွင်ကို
ဥယျာဉ်ကြီးဖြစ်အောင်
ရှင်တည်ဆောက်ပေးရင် ကျေနပ်ပါ့မယ်..
ချစ်သူ…
ရှင်ပြောတဲ့ ရှင့်ရဲ့
စမ်းချောင်းငယ်က ရေတစ်ခွက်
ဥယျာဉ်ထဲက ပန်းတစ်ခက်
ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ
ယုံကြည်ပေးပါ့မယ်..
ချစ်သူ…
ရှင့်ရဲ့
စမ်းချောင်းငယ် စီးဆင်း
ဥယျာဉ်ကြီးလည်း စိုပြေအောင်
လိုက်ခဲ့ပါ့မယ် .. ရှင်ခေါ်ရာ
အရဲ
Comment #2
i like so much.
i wish i could.

Comment #3
He..he..
Hote de

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချစ်သူ…
ရှင့်ရဲ့
စမ်းချောင်းငယ် စီးဆင်း
ဥယျာဉ်ကြီးလည်း စိုပြေအောင်
လိုက်ခဲ့ပါ့မယ် .. ရှင်ခေါ်ရာ..။
Like 🙂