ဗလာအိပ်မက် (မင်းကိုချစ်တဲ့သူ)
ဖိတ်တ၀က် စင်တ၀က်နဲ့
အိပ်မက်တွေ သိပ်ပေးတဲ့
ကောင်မလေးရယ်…
ဘယ်တော့များ ငါ့ကို
အိပ်မက်ထဲ ထည့်မက်မှာလဲ…
ယောင်္ကျားလေးဖြစ်တိုင်း
ငိုခွင့်မရှိဘူးဆိုတာ
ဘယ်ပညာရှင်ကများပြောခဲ့သလဲ
ဒီအဆိုကိုတော့ ငါ့အဘိဓာန်က
ပယ်ဖျတ်ခွင့်ပြုပါ…
ကျေးဇူးပြုပြီး မလိုက်နာပါရစေနဲ့…
သွေးအေးအေးလေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်လေးပဲ
ရန်ခုန်သံကို ဘာသံပြန်ရင်း
ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေး
လွမ်းမိပါတယ်…
ရွေးချယ်ခွင့်မရှိတဲ့ဘ၀မှာ
ဒုက္ခတွေကို ရင်ဆိုင်ရင်း
သုခတွေကို ရှာဖွေမိတယ်
သစ္စာတရားကို သိခဲ့ပေမယ့်
ငါဟာ ပြန်ပြောင်းလို့မရတဲ့
ပြောင်းပြန်ခရီးမှာ နေသားကျနေခဲ့ပြီ…
လမ်းလွဲသွားတဲ့ ရထားဟာ
ဘူတာမှားတာ မဆန်းပါဘူး
မထူးထူးအောင် လုပ်ရင်း
အရူးတွေထပ် တစ်မူးသာခဲ့တယ်
ငါ့ကို ခပ်တိုးတိုးလေး ရီ (ရယ်) ခွင့်ပြုပါ…
နေ့နေ့ညည ဖြတ်သန်းရင်း
ငါ့မှာ တယုတယသိမ်းထားခဲ့တာ
အမှားတွေပဲရှိတယ်
အဲ့ဒါတွေနဲ့ ဗလာအိပ်မက်တွေကို
တန်ဆာဆင်ရင်းပေါ့…
Comment #2
let’s forget the past (the bad dream)
feel satisfy the past (sweet memory)
live in the present, (try the best)
dream the future, (so excited)

Comment #3
အ၇မ်းကြိုက်တာ ပဲ……

Comment #4
ကျေးဇူးပါဗျာ… 🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လမ်းလွဲသွားတဲ့ရထားက ဘူတာမှားတာမဆန်းပါဘူး