ရည်းစားစာ – ၎
မနက်ရောက်ခဲ့ပြီလို့  အာရုံတချို့က သတိပေး .. ဖြတ်ခနဲ့အကြည့်မှာ ၄း၄၀ (မနက်) သို့ရောက်ရှိနေခဲ့ပြီးဖြစ် …. အမျှင်တန်းနေတဲ့ သံယောဇဉ်လမ်းလေး ဟာ လေလှိုင်းကြားမှာ ပေါက်ပေါက်ရောက်ရောက် …… ၅၀၀၀ကျော် ဘေလ်မှတ်တမ်းတခုရဲ့ သက်တမ်း ၁၂ နာရီတောင် ကြာရှည်မခံခဲ့ သကာရည်စကားသံလေးတွေက ခပ်မြန်မြန်ပဲ တိုက်စားသွားခဲ့တယ်
လေလှိုင်းသံနဲ့ အသက်ရှုနေတဲ့ ရင်ဘတ်ဟာ … end ခလုပ်နှိပ်အပြီးမှာ ဖရိုဖရဲ တစစီ ပြန့်ကျဲလို့  ကတောက်!!! အဲဒီ အချိန်ဟာ အချစ်အတွက်ဆို ပိုပိုမြန်နေတတ်တာ defination ကြီး တခုလို ဖြစ်နေခဲ့တာလည်းကြာပြီ..ပေါင်ချိန်မရှိတဲ့ ပစ္စပ္ပန်မှာ “မတရားဘူးဗျာ” ဟစ်ကြွေးနေလို့ လည်း ထူးမလာနိုင်မယ့် ဘဝ
တကယ်ပါ ..ငါ့အနား မင်းမရှိတဲ့ ညတွေဟာ တဆိတ် သိပ်ကိုအကျဉ်းတန်ဆန်လွန်းတယ်
တတောက်တောက်နဲ့ လက်ရေးလှကျင့်ခဲ့ အဲဒါ မင်းဆီကိုမှန်း တယုတယ ဆက်သမယ့် ဘီလူးနက္ခတ်ရဲ့ ကြယ်ကြွေရောင် စာအလွမ်း …
အချိန်ရရင် အနမ်းတပွင့်လောက် ဆုလာဒ်အဖြစ် စွန့်ကျဲပေးကမ်းပါ …
သူသိစေဖို့ ထက် သူရှိနေစေဖို့  ငါ့ရဲ့ နှလုံးသားပုဝါကိုခင်း .. ဓားထမ်းထားတဲ့ သ၀န်တိုမှုတွေ နဲ့ ရံလို့  .. အမှန်ကန်ဆုံးသော မေတ္တာတွေပက်ဖျန်းရင်း
မျှော်လင့်တကြီး စောင့်စားနေခဲ့ … တကယ်ပါ ….မျက်စေ့ မကွယ်ပဲ လည်း ငါဟာ တယူသန် အစွဲတွေ နဲ့ ကန်းနေခဲ့တယ်
အချစ်ရူးပါ … ရင်မှာ စူးနစ်ဝင်နေတဲ့ ဓားဒဏ်ရာများစွာနဲ့အတူသက်သေပြုပါတယ်
ဘယ်အရာကိုမှ မမှုတဲ့ အရှိန်အဟုန်တခုနဲ့ မင်းနှလုံးသားကို ၀င်တိုက်လို့ 
နောက်ဆုံး ဘူတာအဖြစ် ဘ၀ ကို တသက်စာ ခိုနားခွင့်လေး ပေးသနားပါ
မြောက်များလှစွာသော လူသူတွေကြား မင်းအတွက်မှဆိုတဲ့ နှလုံးခုန်သံလေးနဲ့
လေးလေးနက်နက် အယူခံဝင်ပါတယ် …. တကယ်လို့ များ
ဖြစ်နိုင်မယ်ဆို ရင် ငါဟာ ..မင်းရဲ့ အပါး အမြဲလို ခစားခွင့်ရမယ့် အရိပ်လေးပဲဖြစ်ပါရစေတော့လား … ဟောဒီက ..ချစ်လူမိုက် .သည်ဇာတ်လမ်းမှာ .အထူး စရိုက်နဲ့ သရုပ်ဆောင်ခဲ့တယ် .. တစ်ဦးတယောက်တည်း ကို ပဲ ချစ်မြတ်နိုးခဲ့ခြင်း ၀ိသေသတွေနဲ့ပေါ့
လာရာလမ်းအတိုင်း လှည့် ပြန်ကြေးဆို … မင်းလက်ဖ၀ါးလေးတွေရဲ့ အကူအညီလိုတယ် … ကျေးဇူးပြု၍ ..တွဲထားတဲ့လက် မြဲမြံခိုင်မာနေပေးပါ
ဒီလိုသာဆို
ဦးတည်ရာ ပန်းတိုင် … ဘယ်ပျောက်ပျောက် ဘယ်ရောက်ရောက် … မကြောက်ပဲရှေ့ဆက်မယ် ….တကယ်တော့ မင်းဟာ ငါ့ရင်ခွင် တံတိုင်းအတွင်းမှာ ပြန်လမ်းမဲ့ ခြေလှမ်းတွေပဲ လှမ်းသင့်ခဲ့တယ် မဟုတ်ပါလား???
တယောက်ထဲမေး တယောက်ထဲ ဖြေ …. မသောက်ပဲ ပြဲ မမူးပဲ လဲ
ပျက်စီးရာပျက်စီးကြောင်းရဲ့အဓိက လမ်းကြောင်းမှာ .. ငါရှိမယ်
အကယ်၍များ …မင်းမနှစ်သက်ခဲ့ရင်ပေါ့
( မင်းမပါတဲ့ အနာဂတ်ဆိုတာငါ့အတွက်တော့ ပြာခွက်လိုပါပဲ စွန့်ပြစ်ပစ္စည်းတွေနဲ့ပြည့်နှက်..အဲဒီမှာ နာကျင်ခြင်း တွေစုံပုံထားပါလိမ့်မယ်)
ကယ်ပါ … ကယ်တယ်လို့ သဘောမထားပဲ ငါ့ကို ကယ်..ပါ …သတ္တ၀ါတခု ကံတခုဆိုပေမယ့် ..ငါ့မှာတော့ ကျန်ရစ်သူနေရာမှာနောက်တကြိမ်အဖြစ်
နေသားမကျနိုင်တာခဲ့မို့  … ငါ့ကို မင်းရဲ့ ကြည်လင်နွေးမြတဲ့မျက်ဝန်း အကြည့်တချက်နဲ့ ကယ်ပါ
ဆယ်ပါ …နစ်နေတဲ့မြစ်ထဲက ငါ့ကို ဆယ်တယ်လို့ သဘောမထားပဲ ဆယ် ယူပါ
မေခလာ (နတ်သမီး) မလိုတဲ့ ငါကမ္ဘာ မင်းလက်မှ မကမ်းရင် ကြမ်းချင်သလိုကြမ်းနေဦးမယ့် ပရမ်းပတာ ခြေလှမ်း .. ဘယ်တော့မှမခမ်းမယ့်
နင့် ပျားရည်ချို အပြုံးလေးတွေနဲ့ ဆယ်ပါ
ယုံပါ ..ဒီတကြိမ် နောက်ဆုံးပါ … ဒီတခါနောက်ဆုံးပါ ..ဆိုတဲ့ ၀န်ခံကတိစကားတွေ
ကို ပုံမအပ်လိုက်ပဲ… သည်မျက်ဝန်းရဲ့ လိုအပ်မှုကို သာ ဖွေရှာလို့ …. ငါ့ (အချစ်) ကို ယုံပါ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ ဂုဏ်ထူးထွက် အေးချမ်းမှုတွေနဲ့ ကြိုဆိုပါတယ် …. ငါ့ဘက်ခြမ်းမှာသာ တောက်ပပါ ပိုးစုန်းကြူးလေးရယ် ဒီလောကမှာ (ငါ့အတွက် ) နေတွေလတွေ လည်း မလိုအပ်တော့ပါဘူး
……………………………………………………………………………………
ဒါပါပဲ ဒီလိုပါပဲ ဆိုတဲ့ အဆုံးသတ်မှုတွေထက် ဆန်းကြယ်တဲ့ ငါ့ရဲ့ နှစ်ယောက်အတူဆိုတဲ့ အိပ်မက်စခန်း … မပျက်ပြယ်နိုင်တော့မယ့် သစ္စာပန်းတွေနဲ့ အတူ …မင်းခြေလှမ်းဖို့ အတွက် ပဲ တကူးတက လမ်း ခင်း ထားတယ် ..
သိပ်မဝေးတော့မယ့် ….. အနာဂတ် မှာ ..မင်းရယ် ငါရယ် ….ပြီးတော့ ငါတို့ အိပ်မက်တွေရယ် …. အတူတကွ တည်ရှိလာပါလိမ့်မယ် … ငါ့ကို …. အဲဒီ နှုတ်ခမ်းလေးတွေနဲ့ … အိမ်အပြန်လမ်းမှာ ခရီးဦးကြိုပြုပါ
ရေ အေး တ ခွက် .. ကို ..ဘယ်တော့မှ ငါ တပ်မက်မိမှာ မဟုတ် တော့ဘူး
Comment #2
Sa kar tat like dar,,ma Moe ye
Comment #3
လာရာလမ်းအတိုင်း လှည့် ပြန်ကြေးဆို … မင်းလက်ဖ၀ါးလေးတွေရဲ့ အကူအညီလိုတယ် … ကျေးဇူးပြု၍ ..တွဲထားတဲ့လက် မြဲမြံခိုင်မာနေပေးပါ
ဒီလိုသာဆို
ဦးတည်ရာ ပန်းတိုင် … ဘယ်ပျောက်ပျောက် ဘယ်ရောက်ရောက် … မကြောက်ပဲရှေ့ဆက်မယ် ….တကယ်တော့ မင်းဟာ ငါ့ရင်ခွင် တံတိုင်းအတွင်းမှာ ပြန်လမ်းမဲ့ ခြေလှမ်းတွေပဲ လှမ်းသင့်ခဲ့တယ် မဟုတ်ပါလား???
ကျေးဇူးပြု၍ ..
ကျေးဇူးပြု၍ ..
ကျေးဇူးပြု၍ ..
Comment #4
အစ်မတော်မိုး ရေးချက်တွေနည်းနည်းပြောင်းထားတယ်နော်
ကဗျာလေး ဖတ်သွားပါကြောင်း ~~
Comment #5
အားပေးလျက်
Comment #1
အားပေးသွားပါတယ်