ရိုးမြေကျ ဇာတ်လမ်းပမာ
တိမ်နဲ့  လေရူး တွေ့ကြသလိုမျိုး
မာယာရယ် လမ်းမဲ့ရယ် တွေ့ကြသတဲ့။
ခြံအိမ်မရှိတဲ့ စိတ်တွေဟာ
အဲသမှာ ကခုန်ကြပြီး
ပျော်သလိုသာ အသိမဲ့ ဖွဲ့ ကြ။
ဟိုးဝေးဝေးက တောင်တက်သမားငယ်ဟာ
သစ်မြစ်နွယ်ကိုကျစ်ကျစ် ဆုပ်ကိုင်လို့ 
တွေဝေတဲ့ အခါလဲ တွေဝေလို့ 
ပျော်ဝင်တဲ့ အခါလဲ ပျော်ဝင်လို့ 
အို လောက။
အားပေး စရာတွေလား?
အားနာနေခဲ့ တာလား?
အဲသလိုပဲ တစ်နေစောင်းခဲ့ ။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service