နင် ရယ် ငါရယ်
သိပ်သည်းဆတွေ ပြင်းထန်နေဆဲ
ငါ့ရင် ရဲ့ ဘယ်ဘက်အခြမ်းမှာ
ကြေမွမှုနူန်းတွေ များနေတယ်
မွန်းကြပ်မှုတွေ ပြင်းထန်နေတဲ့
ငါ့ စိတ် တစ်ဒေသကိုလည်း
မှောင်မိုက်မှုတွေ ဖုံးလွှမ်းနေတယ်
မျိုသိပ်ခြင်းတွေ ပြင်းထန်လွန်းတဲ့
ငါ့ ကို ငါလည်း
ဖိအားတွေပေးနေမိတယ်
ပြောပြချင်နေလွန်းတဲ့
ငါ့စကားသံတွေကို
ထိန်းချုပ်နေရတာ ခုဆို
ဆွံအ လို့နေပြိ
ငါက နင့်ကိုချစ်တဲ့အကြောင်းတွေ
ပြောပြချင်နေပေမယ့်လည်း
ရှီရင်းစွဲ သံယောဇဉ် လေးတွေ
ပျက်တောက်သွားမှာကိုတော့
စိုးရိမ်နေ မိတယ်
တကယ်ဆို
နင်ပြောလိုက် တိုင်းလည်း
သူငယ်ချင်း ပါပဲ…..။
Comment #2
မြန်မြန်သာပြောပစ်လိုက်ပါလိုအကြံပေးပါရစေ

Comment #4
A de pyaw nay tar.
Nout bu.
Friend pe ma loak chin par bu so hma.
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Ei ka dot pwint pwint Linn Linn pe pyaw pyit like p.
Friend ma loak bu loh.
😛