မျက်နှာများတဲ့ နိုဝင်ဘာ (မင်းကိုချစ်တဲ့သူ)
တိတ်တိတ်လေးပါပဲ…
ငါဟာ မျော်လင့်ချက်ေ
တွတစ်ခုခြင်းစီကို မီးရှို့ခဲ့တာ
ဘယ်သူမှ မသိခဲ့ကြဘူး…
ဖြည်းဖြည်းလေးပါပဲ…
လက်တကန်းက ယုံကြည်မှုတွေ
တဖက်ကမ်း ရောက်သွားခဲ့တာ
ငါသိသိနဲ့ လွှတ်ပေးလိုက်ပြီ…
ဟုတ်ပါတယ်…
ဘဲဥဘဝက သုညဖြစ်သွားတာ
ဟာသတော့မဟုတ်ပါဘူး
ရယ်ချင်ချင် ရယ်ပါ
ဘယ်သူမှအပြစ်မရှိပါဘူး…
အခုအချိန်မှာ…
ကြိုးပြတ်သွားတဲ့ဂစ်တာလိုပေါ့
ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့
နောက်ဆုံးတော့ စွန့်ပစ်ခဲ့ကြတာပါပဲ
တန်ဖိုးဆိုတာကို မသိတဲ့လူအတွက်တော့
တန်ဖိုးမထားတတ်တာ မဆန်းပါဘူး…
တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းရင်း
သင်ခန်းစာတွေပေး မေးခွန်းတွေမေးတဲ့
ဘဝဆိုတဲ့ကျောင်းကြီးကို ချစ်မိပါတယ်
အမုန်းလေးနည်းနည်းရောပြီး….
လူတွေများစွာကြားထဲမှာ လျှေက်လှမ်းပေမဲ့
အထီးကျန်နေခဲ့တယ် နေ့ရက်တွေကလဲ
အကျီးတန်လွန်းနေတယ်
တစ်ခါလောက်ဖြစ်ဖြစ်တော့
ကလေးတွေလို ပျော်ကြည့်ချင်တယ်…
ဒီလောကကြီးက
အဲ့ဒီလောက်မွန်းကြပ်မယ်မှန်း သိခဲ့ရင်
အသက်ရှူဖို့ သင်မိမှာမဟုတ်ဘူး
အမေ့ဗိုက်ထဲမှာပဲ ကွေးကွေးလေးနေလိုက်ပါတယ်…
နိုဝင်ဘာရယ်…
မိုးရွာလိုက် နေပူလိုက်နဲ့တော်တော်
မျက်နှာများပါလား
မင်းအတွက်တော့ မေတ္တာဆိုတာ
ဘယ်လိုမှမထိုက်တန်တဲ့ဝေါဟာရပါ
ငါလုံးဝမေ့မှာမဟုတ်ပါဘူး
အငြိုးအတေးနည်းနည်းနဲ့ပေါ့…
Comment #2
ဟုတ်ကဲ့…. လာရောက်ဖတ်ပေးလို့ ကျေးဇူးပါနော်…
🙂
Comment #1
same to me! အငြိုးအတေးနည်းနည်းနှင့်ပေါ့