ကယောင်ခြောက်ချားနဲ့ သူမကိုမက်ခဲ့တဲ့အိမ်မက်
မစိုပါဘူး…ဖုန်တလူးလူးနဲ့ လေတွေတိုက်နေတဲ့ 
တိမ်ညိုတွေအုပ်ဆိုင်းနေတဲ့ နေရောင်ခြည်အလင်းတန်းများအောက်မှာ
ဘယ်ကမှန်းမသိတဲ့ ပန်းခြံကခုံတန်းလေးမှာထိုင်ရင်း
သူမအားတတွတ်တွတ်တောင်းပန်နေခဲ့တယ်
ကျွန်တော်ဖွင့်ပြောလိုက်ရင်စိတ်ဆိုးသွားမှာမို့ လို့ 
သူမကတော့အမြဲပြုံးလျက်…ကန်ရေပြင်ကြီးကို
သူမအရိပ်နှင့်လရိပ်ကိုမြင်နေရတဲ့ ရေကန်အမှတ်နဲ့ 
ငုံ့ ကြည့် ၊ ပြုံးပြ ၊ သီချင်းတွေဆိုလို့ …။ ။
ကျွန်တော့်အိမ်မက်ထဲမှာတော့…သူမဟာ…မင်းသမီးတစ်ပါး
သူမအိမ်မက်ထဲမှာတော့…ကျွန်တော်ဟာမလိုအပ်တဲ့ 
တောက်တိုမယ်ရကောင်လေးပေါ့…။ ။
ဒီလိုနဲ့ ပဲ…ရုတ်ချည်းဆိုသလို
တိမ်တွေလန့် ပြေးကာ….မိုးစက်တွေခုန်ဆင်းလာတယ်
ဒဿဂီရိကျွန်တော့်အတွက်ငိုချလိုက်တာဖြစ်မယ်လို့ …တွေးမိပါရဲ့ 
မကြာပါဘူး…
ကျွန်တော့်အသည်းခွဲမယ့်…မြှားနဲ့ ကောင်ရောက်လာပြီး
ကျွန်တော့်အသည်းကိုဒဏ္ဍာရီထဲမှာထားခဲ့ကာ
သူမအား….ခေါ်ဆောင်သွားခဲ့လေပြီ…။ ။
ကျွန်တော့်ရဲ့ အချစ်တွေ…ဒိုင်ယာရီထဲမှာပဲထားခဲ့ပါကွယ်
ဒဏ္ဍာရီသို့ မကူးပြောင်းပါနဲ့ 
နောင်တစ်ခေတ်မှာ…အချစ်ကိုသုံးသပ်ကြမယ့်
လူငယ်တွေ…လှောင်ပြောင်နေပါဦးမယ်…။ ။
အိမ်မက်မှနိုးနိုးခြင်းပင်…လူငယ်များအတွက်
ကွမ်းစားရင်း….ဝါးရင်း…မထွေးပဲငုံထားရင်
လျှာပေါက်တတ်သလို….
တစ်စုံတစ်ယောက်အား…ချစ်နေရင်း
ဖွင့်မပြောပဲ ငုံထားနေရင်
အသည်းကွဲတတ်တယ်….။ ။
Comment #3
ကျေးဇူးပါအစ်မတို့ ~~~~
🙂
🙂
🙂
Comment #5
ကျေးဇူးပါ~~~~အခုလိုခံစားအားပေးတဲ့အတွက်
Comment #1
Talkie tway myint lar de naw.
😛