သတိရခြင်းများစွာဖြင့်
မချစ်တတ်တာ မဟုတ်ပါဘူး
မချစ်ရဲခဲ့တာပါ
သံယောဇဉ် ဆိုတာ မသိခဲ့ပေမဲ့
သံယောဇဉ် ဆိုတာကို ခံစားတတ်ခဲ့ပါပြီ
ရင်မခုန်တတ်တာ မဟုတ်ဘူး
ရင်ခုန်သံကို မခွဲခြားတတ်ခဲ့တာပါ..
တမ်းတနေတာမဟုတ်ပေမဲ့
သတိရခြင်းတွေက
သူ့အလိုလို သတ်မှတ်ပေးလိုက်မိပြီ..
နောက်ဆုံးမှာ သိလိုက်ရတာကတော့
ဖြူစင်ရိုးသားမှုတွေနဲ့ တည်ရှိခဲ့တဲ့
နှလုံးသားတစ်ခု…အရောင်ဆိုးခံလိုက်ရပြီး
တွေဝေခြင်း၊ ဒွိဟတွေနဲ့ ရင်ဆိုင်ရင်းက…
သတိရခြင်းများစွာဖြင့်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂
🙂
😉