ကျယ်ကြီးကျယ်
ငါ့ဘ၀မှာ….
ကြီးကြီးကျယ်ကျယ် ဆုဖလားတွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် ………….. မရှိဘူး
…….. မရှိဘူး
ကြီးကျယ်မှုတွေ မရှိတဲ့ ငါ့ဘ၀ထဲ
အဲဒီ ငကြီးကျယ်လေးပေါ့
ကြီးကြီးကျယ်ကျယ် ၀င်လာတာ
အခုတော့ …. ငါ့မှာ ……..
ကြီးကြီးကျယ်ကျယ် ပြုံးတတ်တဲ့
မင်း အပြုံးတွေရယ်
ကြီးကြီးကျယ်ကျယ် ရယ်တတ်တဲ့
မင်း ရယ်သံတွေရယ်ကို ……..
ကြီးကြီးကျယ်ကျယ် ချစ်ကဗျာတွေ ဖွဲ့လို့
ကြီးကြီးကျယ်ကျယ် မျှော်လင့်ချက်တွေနဲ့
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မက်တတ်နေပြီကွဲ့
ငါကြီးကြီးကျယ်ကျယ် ချစ်ရတဲ့ ချစ်သူရေ ……
ငါ့ဘ၀ထဲ……
ကြီးကြီးကျယ်ကျယ်တွေ သယ်ဆောင်လာပြီး
ကြီးကြီးကျယ်ကျယ် ထွက်သွားဖို့တော့
စိတ်ကူးမလေနဲ့
ငါ ……
ကြီးကြီးကျယ်ကျယ် မရူးခင် ….
ငါနဲ့ တူတူ
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မက်ပေးစမ်းပါ
အရဲ
Comment #9
ဘာတွေကြီးပြီး ဘာတွေကျယ်နေလို့လဲဟင် …….

Comment #11
ဘာပြောပြော Like တယ်ဗျာ……။…. ကြီးကြီးကျယ်ကျယ် Attraction ရှိတယ် ။:D

Comment #13
g g kye kye kyike dar

Comment #14
khan khan nar nar htet man arr pay twar par d shin
😛

Comment #15
😛
A yann kyike

Comment #1
ဟာ..ကြီးကျယ်လိုက်တာဗျာ.. ဟီဟီး..
စိုင်းစိုင်းသီချင်းကိုသွားသတိရတယ်.. ခင်ကြီးကျယ်.. အဟိ..
မိုက်တယ်.. အောက်ဆုံးအပိုဒ်လေးကြိုက်တယ်ဗျ.. 😀