ဘ၀ကို ပိုင်စိုးသူ
ရူးနေတဲ့ငါ့
ထူးခြားတဲ့နင်
နင်အတွက်ရူးနေလည်း
ငါ့ကို ငါကျေနပ်လေရဲ့
ဘာလို့လဲဆိုတော့
နင်က ငါရူးရလောက်အောင်ကို
ချစ်ဖို့ကောင်းတာကို
နေ့ဘက်လည်းမင်းအကြောင်း
ညဘက်လည်းအတွေးထဲမင်းပဲ
ရုံးဆင်းရုံးတက်
မင်းပုံရိပ်လေးကို
ခိုးခိုးကြည့်ရင်းငါ
တဖက်သက်ရင်ခုန်
နှလုံးတုန်လည်းတုန်ပါစေ
ငါဂရုမစိုက်နိုင်ဘူး
ဆံနွယ်လေးတွေ
ချစ်စရာကောင်းတဲ့မင်းအသံလေးတွေ
ဘယ်လိုပဲမြင်မြင်
တည်ငြိမ်အေးချမ်းတဲ့မင်းမျက်နှာ
မင်းရဲ့ဟန်တွေဟာ
မင်းအသက်
မင်းအရွယ်နဲ့
မလိုက်အောင်ကို
ရင့်ကျက်မိလေတော့
ချစ်ခြင်းကို မြတ်နိုးတဲ့
ငါ့အတွက် အခက်အခဲ
ဖြစ်တာတော့အမှန်ပဲလေ
ဒါပေမယ့်
ဘ၀တစ်သက်စာလုံးအတွက်
ရည်ရွယ်ထားတော့
မင်းကို ချစ်ဖို့ကိုက ငါ့တာဝန်ပဲလေ…………………..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
A yann chit phoe kaung de.