စိတ်ချပါချစ်သူ
စာသားတစ်ချို့
သံစဉ်မရှိဘဲ ပေါ်ထွက်လာ
ပုံရိပ်တချို့
သူမ မရှိလည်း
အတွေးထဲ ပေါ်ပေါ်လာတယ်
ဘယ်နေရာသွားသွား
စိုးမိုးထားနိုင်တယ်
ပိုင်စိုးထားနိုင်တယ်
တစ်နေ့နှစ်ဆယ်လေးနာရီမှာ
ကျွန်တော်အတွေးတွေကို
သူမက နှစ်ဆယ့် ငါးနားရီပိုင်တယ်…….
တစ်ခါတစ်ရံ
ချစ်ရလွန်းလို့
ရင်ဘက်တွေနာ
တစ်ဖက်သတ်အချစ်ကို
မြတ်နိုးမိတာမဟုတ်
တန်ဖိုးထားမိတာ
အဖြေကိုမလို
မပေးတာမဟုတ်
ကျွန်တော်ကို က မသိချင်တာ
ဘာဖြစ်လို့လည်းဆိုတော့
ကျွန်တော်က ချစ်ချင်တာကို
အချစ်ခံချင်တာမဟုတ်
ကျွန်တော်ကိုက
မြတ်နိုးတာ တန်ဖိုးထားတာ
သူမရဲ့ ရှည်လျားတဲ့ဆံနွယ်တွေရယ်
မဟာဆန်တဲ့ ပုံရိပ်လေးရယ်
အပြစ်ကင်းတဲ့ မျက်နှာလေးတွေက
ကျွန်တော့် နှလုံးသားမှာလေ
ဘောင်အသီးသီးနဲ့ ချိတ်လျှက်သား
နေရာယူနှင့်ကျပြီ………..
ဘယ်လိုပဲဖြစ်ဖြစ်
သူမကို ကျွန်တော် ချစ်တယ်
သူမကို ကျွန်တော် မြတ်နိုးတယ်
သူမကို ကျွန်တော် တန်ဖိုးထားတယ်
သူမ ပျော်ရွှင်မှုကို အချိန်တိုင်း အလေးထားလို့
လိုအပ် ရင်လေ ချစ်တယ် လို့တောင် မပြောဘူး
စိတ်ချပါ ချစ်သူ……………………။
Comment #2
Opposite to u.
🙁
Ei ka dot a chit khan chin Dar.
Ei ko ga u sike say chin Dar.
Ei ko ta win to say chin Dar.

Comment #1
Hin…
🙁
Chit de loh ma pyaw bu pop.
🙁