ဝေနှင်း
ဝေနှင်းလေး ကိုတွေ့လိုက်တယ်
လှပလိုက်တာ ဝေနှင်း ရယ်……………..
နှင်းရည်စိုစွတ်နှလုံးသားလဲတဖန်နှိုးထခဲ့ရပေါ့
အသက်မကချစ်သူအတွက်
အမုန်းတကာအမုန်းထဲမှာ
မင်းအမုန်းတော့မလိုချင်ဘူး နှင်းရယ်………….
အသက်ကငယ်
စိတ်ကစားရွယ်
အကွက်ရွှေ့ မှား မှာ
စိုးမိတယ် နှင်း ရယ်…………….
လကမသာ
ည ကမိုက်မှာ
မင်းအချစ်လေး
မှောင်မိုက်သွားမှာစိုးမိတယ် နှင်း ရယ်
ရိုးသားဖြူစင်လှတဲ့
စိတ်ထားနဲ့ ကောင်မလေးတစ်ယောက်
အချစ်ကြီးချစ်ခဲ့မိ၍
တဖက်သက်အလွမ်း
တဖက်သက်အချစ်နဲ့
ခံစားကြေကွဲ
လွမ်းနေရတယ် နှင်း ရယ်………
M Y M
Comment #2
နှင်းဝေလာပါစေနော်
By: မေပျို at Nov 19, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂
Nice.