ဟာမိုနီမဖြစ်တဲ့ ဂီတ..
ဟာမိုနီမဖြစ်တဲ့ ဂီတ..
ငါက
အိပ်မက်ငှက်ကလေးတစ်ကောင်မွေးထားတယ်
နင်က
အစာမကြွေးဘဲ ရိုက်သတ်ပစ်တယ်…
ငါက
အပြုံးပန်းလေးတစ်ပွင့်ပေးတယ်
နင်က
မျက်လုံးဓါးနဲ့အပိုင်းပိုင်းခုတ်ဖြတ်ပစ်တယ်…
ငါက
လေတဖြူးဖြူးသွေးတယ်
နင်က
အဒီလေနဲ့ နှင်းဆီရနံ့တွေမျှားစားတယ်….
ဒီလိုနဲ့
ငါက လမင်းဖြစ်တော့
နင်က နေ့ခင်းဇြစ်လို့…..
ငါက
ကေါင်းကင်ဘုံဆီ တိမ်တွေနဲ့လမ်းခင်းပေးတယ်
နင်က မုန်တိုင်းကို ခြေထောက်လုပ်ပြီးနင်းလျှောက်တယ်….
ငါက
အသည်းမြို့တော် မီးဟုန်းဟုန်းတောက်နေကြောင်း
နင့်ဆီ
စစ်ရပ်စဲရေးကဗျာတွေပို့တယ်
နင်က
အငြင်းဝါကျဗုံးတွေနဲ့
တစ်လုံးပြီးတစ်လုံး ပစ်ပေါက်တယ်….
တစ်ချိန်လုံး
ငါက
လေပြေတွေအကြောင်းပြောနေတာဖြစ်ပြီး
နင်က
မုန်းတိုင်းတွေအကြောင်းပြောနေတော့တာပါပဲ…….
Comment #2
အရမ်းကောင်းတဲ့ဆန့်ကျင်ဘက်စကားအသုံးလေးက ကဗျာကိုအသက်ပိုဝင်လာပါတယ် ကောင်းပါတယ်

Comment #3
Bone tway pout dot me.
Ke kya par ong.
😉

Comment #4
ခံစားအားပေးသွားပါတယ်…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Sut swe like Dar myar,,,yet yet sat sat
Hint..hint.
:'(
:'(
Ma hote par bu…
Ma loak parbu…
Min htin ta lo hote par bu.