နင်ထင်သလိုမဟုတ်ဘူး…….
နင်ထင်သလို မဟုတ်ဘူး…××
×× မိုးရွာထဲမှာ ထီးမပါဘဲလမ်းလျှောက်နေမိတာ
နင်နဲ့လျှောက်ဖူးခဲ့လို့မဟုတ်ဘူး
နင့်ကြောင့်ညစ်ပေသွားခဲ့ ငါ့နှလုံးသားကို မိုးရေနဲ့ဆေးပစ်ချင်လို့…..။
×× နောက်တစ်ယောက်မတွဲတာ
ငါ့ရင်ထဲကအချစ်တွေကို နင့်ဆီအကုန်ပေးခဲ့လိုက်လို့မဟုတ်ဘူး
မောပန်းနေတဲ့ ငါ့နှလုံးသားကိုအနားပေးတာ။
×× နင်ပေးတဲ့ပို့စကဒ်လေးတွေ
ငါသိမ်းထားတာ နင့်ကိုသတိရလို့မဟုတ်ဘူး
ငါချစ်ရမယ့်နောက်တစ်ယောက်ကျ ဒီလိုဒီဇိုင်းတွေမပေးမိအောင် ငါဆင်ခြင်မလို့။
××တစ်ခုပဲ ….ဒီတစ်ခုပဲ
ငါ့ကိုထားသွားတဲ့နင့်ကို နာကျည်းနေမိတာ မချစ်လို့တော့မဟုတ်ဘူး
အချစ်ကြီးလွန်းလို့ဆိုတာ…………………..
(MAYVIOLET)
Comment #4
အစစ်တွေမို့လားမသိဘူး….လတ်ဆတ်တယ်နော့်….
ချမ်းမြေ့ပါစေ…
By: kyawsanoo at Nov 22, 2012
Comment #5
အရမ်းမိုက်တယ်ကူးသွားပီနော်
By: gg at Nov 22, 2012
Comment #7
so cute
By: ei lay at Nov 23, 2012
Comment #10
ကောင်းပါ့ဗျာ။အားပေးသွားပါတယ်။
By: miss tower at Dec 22, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ရှင် ကော်ပီသွားတယ်နော် အမ