‘ဆွဲအား’
တိုးတိုးညင်သာ စီးဝင်လာတဲ့
ရယ်သံလွင်လွင် လေညှင်းစကား
ခေါ်ဆောင်ရာပါသွားမိတော့………
နှလုံးသားအရပ်က ပန်းတို့ နိုးထဖူးပွင့်လာတယ်..။
အလင်္ကာစကားလုံးပေါင်း
ထောင်သောင်းမက သက်ကြွေခစား
ပြာလဲ့လဲ့ မျက်ဝန်းထဲက ကဗျာ
အဖြေရှာတစ်သက်မမေ့ ထပ်တွေ့ ဖို့ တောင်းဆုခြွေ
လှမ်းခြွေတဲ့ သူ့ ခြေဖ၀ါးနုနုအောက်
နှလုံးသားတခုပျောက်ရှခဲ့ပေါ့………။
ဝေဟင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice title