ဒီနှစ်ဆောင်း ရှင့်မြို့က ကျွန်မရဲ့လမ်းများ
ရှင်က
ကဗျာတစ်ပုဒ်လိုလမ်းပေါ်မှာလဲလျောင်း
ကဗျာတစ်ပုဒ်လိုပဲ
ကျွန်မရဲ့အဝေးမှာ ပျော်တဲ့သူ….
ကျွန်မမှာသာ
ကျွန်မ မဆန်ဘဲ
ရှင့်အပြန်ကိုမျှော်လို့….
ရှင်ချန်ထားခဲ့တဲ့
အိမ်ရှေ့က ပိတောက်ပင်လို
ဘယ်အချိန်ထကြည့်ကြည့်
ရှင်ဟာ သစ်ရွက်အ၀ါကြွေတွေနဲ့
ကျွန်မကိုခြောက်လှန့်တုန်း….
ရှင်ရောက်မလာတော့လည်း
ကျွန်မရဲ့မွေးနေ့တွေက
ကျက်သရေမဲ့စွာ
ပြီးသွားခဲ့တာပါပဲ….
ရှင်မရှိတော့
မပြည့်တဲ့အိုးဟာ ကျွန်မပဲ
ဟုတ်တယ်
ရှင့်ရှိမနေမှုက
ကျွန်မကိုဘောင်ဘင်ခတ်စေတယ်….
ဒီမှာ..
ရှင်ယူမသွားတဲ့
ကျွန်မရဲ့ကောင်းကင်ဟာ
ဘယ်ချိန်ထိ အုံ့ဆိုင်းနေရဦးမှာလဲ ရှင်…၊၊ ၊၊
Comment #3
အားပေးသွားတယ်နော်

Comment #5
🙁

Comment #6
ဒီလမ်း ဒီမြို့ ဒီဆောင်း . . 🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Feel sorry
:'(