တို့ မြန်မာမို့ အဆွေတို့ မပြောင်းမထွေ ညီစို့လေ………………။
ဘ၀အလှ
ရှာမရလည်း
လွမ်းရနံ့ဝေ
ချစ်စိုပြေချိန်
ခေတ္တမေ့ထား
သဘာဝအား
တွေ့ဆုံကြုံကွဲ
ဆုံမြဲဓမ္မတာ
ဖြစ်နေပြန်မို့
မြတ်နိုးဒီစိတ်
သွားဒီစိတ်အား
ဖျောက်ဖျက်ထားပြီး
အများကောင်းကျိုး
ရပ်ရွာအကျိုး
မိမိတနိုင်
မိမိတအား
တတ်သည့်ဘက်က
ပံပိုးပါက
ရောင်ဝါထိန်ထိန်
သင့်ဂုဏ်ရှိန်လည်း
သင့်ရပ်သင့်ရွာ
သာယာသလို
အေးမြချမ်းသာ
လန်းဖြာကြပြီး
အမုန်းမဖက်
တွဲလက်ဆုပ်ကိုင်
မကောင်းအတင်း
စိတ်မသွင်းပဲ
အမြဲရှေ့ဆောင်
လမ်းပြအောင်မှ
တို့ နောက်ကဖွား
တို့ပြည်သားလည်း
ဖြောင့် တဖြူးဖြူး
ခရီးထူးအား
တက်လှမ်းနိုင်ပြီး
တို့စိုက်သော ပင်
တို့ မြစ်ပြင်နဲ့
ထင်ရှားတောင်ကုန်း
သစ်တောမပြုန်းဘဲ
အမြဲသာယာ
လှပကာမှ
လူတန်ဖိုးနှင့်
လူမျိုးမြတ်မှန်
ဖော်ရည်သန်ရာ
ဖြစ်ပေလိမ့်မည်……………………..။
Comment #2
တကယ်ကောင်းပါတယ်……အကို……အောင်ညမင်ပစေ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Phat shu r pay twar par de