မိုးည သို့မဟုတ် လွမ်းည
မိုး
သေဆုံးနေတဲ့ ခံစားချက်တွေကို
ပြန်အသက်သွင်းမယ့်
မိုး
မိုးစဲ ညတစ်ညရဲ့ အလှပဆုံး
ကြယ်တာရာတွေကို ဖျက်ဆီးပစ်မယ့်
မိုး
နားကျည်းချက်နဲ့ ရက်စက်ခြင်းကို
သယ်ဆောင်လာမယ့်
မိုး
ပူဆွေးမှုနဲ့ အလွမ်းတွေကို
သရုပ်ဖော်မယ့်
မိုး
ကြေကွဲ မှုတွေနဲ့ အတိတ်တွေဆီကို
ပြန်ခေါ်ဆောင်သွားမယ့်
မိုး
ငါ့လွမ်းဆွတ်မှုတွေကို အဆုံးသတ်ဖို့
အချိန်ရောက်ပြီ
မိုး ရယ်
တိတ်ပေးပါတော့
ငါ့ဘ၀ကို အသစ်က ပြန်စဖို့
ငါ့နာကျည်းမှုတွေကို ဂူသွင်းဖို့
ငါ့ခံစားချက်တွေကို မြေမြှပ်ဖို့
ငါ့အလွမ်းတွေကို သဂြိုလ်ဖို့
မင်းကူညီပါ……
Comment #2
မိုး ကူညီပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Sure