အဝေးရောက်သူ
မနီးစပ်မှန်း သိနိုင်စွမ်းလည်း
သူနဲ့ဝေးရာ မထွက်ခွာလို
အဆွေးဓါတ်ခံ မရှိပြန်လည်း
လွမ်းဆွေးမှာကို ကြောက်ရွံ့ပိုခဲ့
ခဏတွေ့ဆုံ လောကဘုံမှာ
တွေ့ဆုံကြုံကွဲ ဖြစ်ပြန်မြဲမို့
ဘယ်သို့ဆိုသာ အပြစ်ရှာလည်း
အချစ်သည်သာ ကြီးစိုးတာမို့
ထွက်ခွာရက်သူ သူလိုလူကို
အဝေးကပဲ ချစ်နေစဲ။
မောင်ပညာ ( ကေတုမတီ )
Comment #2
Hna lone tar hnit khan sarr arr pay twar par de.
By: ei lay at Nov 26, 2012
Comment #3
မအိလိုပါပဲ ဒီကတော့ တစ်လုံးတည်းနဲ့ ခံစားသွားပါတယ်
🙂
By: အင်ကြင်း at Nov 26, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟား ကြိုက်တ်ာဗျား
အရမ်းကို လန်းတယ် ခံစားချက်ချင်း ထပ်တူပဲ