N E G L E C T ( 2 )
ဒီလိုပါဘဲဆိုတဲ့ စကားလုံးထက်
လေးနက်ဖို့ ခင်ဗျားဘရ်လိုများစဉ်းစားထားဖူးလဲ
မေးခွန်းပေါင်းများစွာကို မုန်းတီးဖူးသူတစ်ယောက်အတွက်တော့
ခင်ဗျားအဖြေက အောင်မှတ်လည်းဖြစ်နိုင်ကောင်းဖြစ်နိုင်ရဲ့
ဒါပါဘဲ…လေးနက်ဖို့ကြိုးစားခဲ့တဲ့
သက္ကရာဇ်တွေတိုင်းမှောင်မှောင်နဲ့မည်းမည်း
ခင်ဗျား…ရက် စ က် တ ရ်
တစ်ခါ တစ်ခါ
မဟုတ်တဲ့ ဖြေရှင်းချက်တွေကြား
မကြာ မကြာ
ကျနော် ဝေဝါးခဲ့တရ်….ဝေဝါးနေဆဲ
ဟုတ်တရ်…အစ်ကိုပြောသလိုဘဲ
ကျနော်ဆိုတဲ့ကောင်က
ချိုမြိန်တဲ့ သံသယနဲ့ လိမ်ညာမှုမှာ
ခဏ ခဏ
လမ်းပျောက်နေတဲ့ကောင်
ဒဏ်ရာတွေတော့ဗလပွနဲ့ပေါ့
ဖြေရှင်းချက်ဆိုတာကြီးကို
မု န်း တ ရ် ………။
မာန်ခက်ဝင့်
23/11/2012
Comment #2
မမုန်းပါနှင့် ကိုမာန်ခက်ရေ
By: မေပျို at Nov 26, 2012
Comment #4
ဖြေရှင်းချက်တွေကိုတော့ မုန်းတရ် မေပျိုရေ..
By: မာန်ခက်ဝင့် at Nov 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အ သဲ ကွဲ မိုး ( 2 ) ရှိ ပြီ ဗျ