ရေသူမ နှင့်ကျွန်တော်
ကမ်းခြေရဲ့မြူက
လွမ်းနေတဲ့လူ အတွက် တော့
ဖြေသိမ့်ရာတစ်ခု
တ၀ုန်းဝုန်းနဲ့
ကမ်းခြေကို ရိုက်ခတ်နေတဲ့
လှိုင်းတွေက
ကျွန်တော်အတွက်တော့
ခုန်နေတဲ့ ကျွန်တော်နှလုံးသားကအသံတွေလိုပဲ
သူမ အကြောင်းတွေးမိလေလေ
သူမ အကြောင်းသတိရမိလေလေ
ပိုပိုကျယ်လာတယ်………………….။
ဇင်ယော်တွေ ရယ်
ပင်လယ်ပျော်သလောက်
ကျွန်တော် ပင်လယ် မှာ
မပျော်ပါလား
ဘာလို့လဲ…………………..
အဖော်မဲ့တဲ့
ဝေဒနာ
ခံစားရတာ
ခပ်မဲ့မဲ့
လွမ်းဘူးမှသိတယ်
အချစ်ဆိုတာ
ပိုကောင်းတယ်လို့
တမ်းတမိသလိုမျိုး
သောင်ပြင်ကမ်းနား
ခပ်ယိုင်ယိုင် အုန်းပင်တချို့
သူအလှ နဲ့ သူ
တွဲဖက်ညီနေပေမယ့်
လွမ်းရတယ့်ကျွန်တော် မှာတော့
သူမမရှိလို့ မပြည့်စုံ………။
တကယ်လို့များ
သူမကြားခဲ့ရင်ဆိုပြီး
သူများတွေ စကားနားယောင်ခဲ့တဲ့ကျွန်တော်
သူများတွေ အပြော ယုံစားမိခဲ့တဲ့ ကျွန်တော်
ကိုယ်အပြစ်ကိုယ်သိပါပြီလို့
ကမ်းခြေ ကို အော် ပြောခဲ့လည်း
ကျွန်တော့်အသံတွေသာဝင်သွားပြန်တယ်……..။
ကမ်းခြေက ပြန်တက်
သဘက်ကို ကောက်ခြုံ
သာမိုမီတာ နှင့်
နှလုံးသားကို တိုင်းကြည့် သည်
အလွမ်း ၁၂၀ဒီဂရီတဲ့……………။
Comment #1
Woes….
Mike de kwar.
😉
Ei ka dot ko Moe g lo hote bu naw.
Thu myar tway bar pyaw pyaw,,fris tway be lo pyaw pyaw ga yu sike bu.
Ei koh bar tar ko sin sarr sone phyat de.
Ei loak chin tar be Ei loak de.
A kyan Nyan pay de a twat dot kyay zu tin like par de.
🙂
My motto is “I m the master of myself”. “I get what I give”.