ခရိုနီ ၊ လယ်သမား ၊ ဦးပိုင်
ဒီပဋိပက္ခတွေကြား
ရေနည်းငါးဟာ
သံဃာတော်တွေဖြစ်နေရပေါ့ ။
ရခိုင်အရေးမှာ
လက်တွေနှေးသလောက်
ဒီလက်ပတန်းတောင်မှ
အင်းအားသုံးရသလားကွယ်၊
မီးလောင်ဗုံး၊ ဓာတုလက်နက်၊
ငါတို့တွေ
ဘာတွေဖြစ်နေကြပါလိမ့် ။
သွေးသံရဲရဲ
အငွေ့အလျံအထဲထဲမှာ
ပိုးလိုးပက်လက်
ပိုးစိုးပိုးစက် ဒဏ်ရာများ၊
မတွေးရဲလောက်အောင်ဖြစ်ခဲရ
သွေးမနည်းတဲ့ တို့လူမျိုး
ဖေ့စ်ဘွတ်ကိုတောင်
ကြည့်ဖို့မနည်းအားယူရ
အိပ်မက်တွေသာဖြစ်ပါစေလို့ရယ် ။
အပြိုပြိုအလဲလဲနဲ့
မီးရှို့ခံရတဲ့ …….
ဒီမိုကရေစီ …
ဆရာသွန်းကတော့
ကဗျာတွေရေးလိုစီခဲ့ပေါ့
တရုတ် နဲ့ ခရိုနီဖျက်လို့
ငါတို့ ………………….
ဒီမိုကရေစီ ……………
ရိုင်းခဲ့မယ်ဆို ။
သူငယ်ချင်းတို့ရေ
လက်ပတန်းတောင် အရေး
တို့ အရေး ……………….
လက်ပတန်းတောင် အရေး
တို့ အရေး ……………….
လက်ပတန်းတောင် အရေး
အမျိုးသား အရေး
ဒီမိုကရေစီ အရေး
တို့ အားလုံး အရေး
တို့ အားလုံး အရေး
တို့ အားလုံး အရေးပါကွယ် ။ ။
တင်မျိုးနိုင်
Comment #1
တကယ့်ကဗျာကောင်းတစ်ပုဒ်ပါပဲ