မနမ်းရဲရက်
အပြုံးခက်သူမို့
မုန်းရက်တယ် သူထင်လေမလား
ချစ်စကား အစီရီ
သီကုံးကာ ပန်ပေးချင်ရဲ့
အခြေမဲ့သူမို့
ရွှေလက်တော် သွေးခြေဥမှာစိုး
တိတ်တခိုးပဲ ချစ်တော့မယ်။
အမှန်ပြောရင်
သံယောဇဉ် သက်သေပေးချင်လည်း
ရင်ထဲမှာ အနေခက်
မြတ်နိုးသူမို့
ပွင့်ဦးကိုလည်း မခြွေလို
ဥယျဉ်မှာ ပန်းပင်ပျိုးပေမဲ့
ပွင့်ဖြူဖြူ နမ်းကြူမရဲသူမို့
အပူစကို ရင်ထဲမျို
သူဘယ်လို သိနိုင်ပါ့
သောကပွေ ဆယ်နွေကျွမ်းသလို
(အချစ်ရယ်)
နွမ်းလျပူဆွေး။
မောင်စိုးလွင်ရဲ့ ကဗျာ
Comment #2
Nice.
Face the reality is the best solution.
By: ei lay at Nov 30, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းလိုက်တာရှင်