တူညီယှဉ်လှမ်း ဘဝလမ်း
တစ်သက် တစ်ဘဝ
ရင်မှာ စွဲစွဲ မခွဲထာဝရ
ချစ်ခြင်းတရား ခိုင်မြဲစွာဖြင့်
နှစ်ကိုယ်တူညီ
လျှောက်လှမ်းကြမည်
ဘဝလမ်းထက်ဆီ…
တွဲလက်ခိုင်မြဲ
မယိုင်ဇွဲဖြင့် တူယှဉ်လက်တွဲ
ဖြတ်သန်းကြမည်
ခရောင်းလမ်းဆီ…
နှစ်ဦးတိုင်ထား
သစ္စာတရား ခိုင်မြဲအားကြောင့်
ဘဝခရီးလမ်း အဆုံး၌ဝယ်
ပျော်ရွှင်လန်းဆန်း ချစ်ရည်ရွှမ်းစေသတည်း…
မောင်ခေါ်ရာနောက် တူယှဉ်လျှောက်ဖို့
အသင့်ဖြစ်ပါစေ မေ…
လင်းယံခ
၁၄.၁၁.၂၀၁၂
နေ့လည် ၁၂း၅၇
Comment #2
Wow…
Nice.
I wish I could.

Comment #3
super like…
is possible,,=i wish he could do,,,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကံကောင်းခိုင်မာတဲ့ အချစ်ဖြစ်ပါစေ