အဲဒီ မင်း လက်ထဲက ဓါးနဲ့ ငါ့ကို ပစ်ပေါက်လိုက်ပါ မိသံလွင် – နိုးဆက် နေ့
သံလွင်ရေ…
ဒီနေ့အထိ ငါမသေသေးဘူး…
ဒါပေမဲ့
နင့်ကို သေလောက်အောင် လွမ်းနေပြန်ပြီ..။
မနေ့ညက ကောင်းကင်ကို ငါငေးကြည့်မိတယ်
တိမ်မှောင် တစ်ဖက်မှာ ကြယ်ရောင်တလက်လက် ကိုငါမြင်ရတော့
ကောင်းကင်ကို မင်းလည်းငေးကြည့်နေသလားလို့
ဒီအရူးက စိတ်ကူးမိသေးတယ်..။
တကယ်….သိလား….
နင့်အကြောင်းစဉ်းစားတိုင်း..
တစ်လုံးပြီး တစ်လုံး ကြွေကျသွားတဲ့ ခံနိုင်ရည်နဲ့
ငပုတ်ဖမ်းခံလိုက်ရတဲ့ မျှော်လင့်ခြင်းဟာ
အဖျားမကျတဲ့ နာတာရှည်ရောဂါတစ်ခုပါဘဲ..။
နင့်ဆီက ခိုးယူသိုဝှက်လာတဲ့.
အပြုံးလက်လက်ကို
နာရီဒိုင်ခွက်တွေထဲ မြုပ်ထားလိုက်တဲ့ နေ့ကစလို့
လက်တံတွေကိုကြောက်တတ်လာတယ်..
၁၂ နာရီကိုကြောက်တတ်လာတယ်…
၁နာရီကို ကြောက်လာတယ်
၂နာရီကိုကြောက်လာတယ်….
အိပ်မပျော်ခြင်းကို ကြောက်တတ်လာတယ်…
သံလွင်ရေ….
ဒီတစ်ညလည်း
ငါ နင့်ကိုသေလောက်အောင် လွမ်းမိပြန်ပြီ….ကွယ်
ဒိုင်ယာရီထဲက ပန်းခြောက်ဟာ
နောက်ကျောကနေလာထောက်တဲ့ ဓါးတစ်လက်ဆိုရင်..
အဲဒီ ပန်းခြောက်ပိုင်ရှင်မင်းဟာ
ဓါးပေါက်တဲ့ လက်ဖ၀ါး တစ်ဖက်ဖြစ်ပါစေ..
ငါ့ကို ခြုံခို မတိုက်ပါနဲ့…
အခုဘဲ ငါ့ကိုယ်ငါ ကားစင်ထက်မှာ လက်ပြန်ကြိုးတုတ်လိုက်မယ် မိသံလွင်…။
မျက်တစ်ခတ်စာလေးပါဘဲ…
ရက်စက်တယ် လို့ ငါမပြောဘူး..။
နင်ငါ့ကို ရက်စက်ခဲ့ပြီးပြီ..မဟုတ်လား
ငါ…ရင်ထဲကနေအထိပါ ပြုံးထားလိုက်ပါပြီ..။
ကဲ… မင်းလက်ထဲက
အဲဒီဓါးနဲ့
ငါ့ကို ပစ်ပေါက်လိုက်ပါ… မိသံလွင်…။
အဖိုး အနဂ္ဂထိုက်လှတဲ့..
နင့်ရဲ့ လက်တစ်စုံမှာ
အိပ်မက်တွေ ပုံချ..
အဲဒီ ကတည်းက ဘ၀ဟာ သေနေခဲ့သူပါ..
နင့်လက်တွေကို ညစ်နွမ်းစေလိုတာမဟုတ်ဘူး မိသံလွင်…
အချစ်အတွက် သီးပွင့်ပေးချင်တဲ့
မျက်ရည်သောက် သစ်ပင်ဟာ..
သူ့ကိုစိုက်ပျိုးသူ သခင်ရဲ့
ခြေရင်းမှာ လဲကျချင်ခဲ့ရုံသက်သက်….
ခြွေချပေးခဲ့တဲ့ အရှုံးတွေကို..
ပိုင်စားသူ ဧကရီလက်နဲ့
သီကုံးခံချင်ခဲ့ရုံ သက်သက်….
ကုတ်တွယ်ထားခဲ့ရတဲ့ အမြစ်တို့ရဲ့ခွန်အားနဲ့
လဲကျပစ်စေချင်တဲ့ သခင်မရဲ့ အမုန်း..
မျက်လုံးမှိတ်.. ရှုံးပစ်ချင်ခဲ့ရုံ သက်သက်…နဲ့
နင့်လက်ထဲကို ဓါးထည့်ခဲ့တာပါ…သံလွင်…။
ငါ့နှလုံးသားမှာ လိုက်ကာချလိုက်ပြီ …မိသံလွင်..
ပွဲကြည့်စင်မရှိလို့ လက်ခုတ်သံကိုတော့
မင်းကြားရမယ်မထင်ဘူး……
နှစ်ယောက်တည်းရှိတော့တဲ့ ဆက်ကပ်ပွဲမှာ..
တစ်ယောက်က မြတ်နိုးသူ…
တစ်ယောက်က ပိုင်စိုးသူ…..
မြတ်နိုးသူရဲ့ လက်မှာ …
ကားစင်နဲ့ ပူးချည်ထားတဲ့ ကြိုးတစ်စ..
ပိုင်စိုးသူရဲ့လက်မှာ…
အသွားထက်တဲ့ ဓါးတစ်လက်….။
စူးရှတဲ့ မင်းမျက်ဝန်းနဲ့..တစ်ခဏ
ငါ့မျက်လုံးတွေထဲကိုကြည့်..ပါ
အဲဒီလောက်ထိ မယုံကြည်နိုင်ရင်ဖြင့်..
မင်းလက်ထဲက ဓါးနဲ့..
ငါ့ကိုပစ်ပေါက်ပါ….
ငါ့ကိုပစ်ပေါက်လိုက်ပါ…
ငါ့..ကို.. ပစ်..ပေါက်..လိုက်..ပါ..တော့..ချစ်သောသံလွင်…။
နိုးဆက် နေ့
Comment #2
Yin hte ko lone wa yout twar de,,a hote.
Net net shine shine g ko win twar de.
Huh,,,,
E lout g so dot “ei” heart-attack ya dot me naw.
Comment #5
A de pyaw Dar.
Ei khan sarr ya de a tine pyaw Dar.
Phat p tine Yin hte hmar ta khu khu g phyit kyan ke de.
Comment #6
so so like par fri
a yan lan tal Byo
Comment #8
တကယ်ကောင်းတဲ့ အရေးအသားတွေကို ပြန်ဖတ်လိုက်ရတယ် .. နိုးဆက်နေ့ ရဲ့ဆန်းသစ်မှုတွေကို ပြန်မြင်ခွင့်ရလို့ဝမ်းသာတယ် အားပေးနေတယ်နော် .. သံလွင်ကဗျာဆရာလေးရေ
Comment #10
သံလွင်တွေအများကြီးကို တရစပ်တွေ့လိုက်ရတော့
မမန့်ဘဲမနေနိုင်ဘူး ဖြစ်သွားတယ်
တကယ်ကောင်းပါတယ် 🙂
Comment #11
နှစ်ယောက်တည်းရှိတော့တဲ့ ဆက်ကပ်ပွဲမှာ..
တစ်ယောက်က မြတ်နိုးသူ…
တစ်ယောက်က ပိုင်စိုးသူ…..
မြတ်နိုးသူရဲ့ လက်မှာ …
ကားစင်နဲ့ ပူးချည်ထားတဲ့ ကြိုးတစ်စ..
ပိုင်စိုးသူရဲ့လက်မှာ…
အသွားထက်တဲ့ ဓါးတစ်လက်….။
ကြိုက်သွားပြီရှင့်…
Comment #14
ကျွန်တော်ကလည်း ကွန်မန့်ထပ်ပေးပါစေဗျာ…
ကဗျာတစ်ပုဒ်လုံးကတော့…တကယ်…goodကောင်းတယ်ဗျာ…။ဘာမှမပြောတော့ပါဘူးဗျာ…ကဗျာကိုအရမ်းခိုက်သွားလို့ပါ….။
Comment #17
Ei le sate Sinn ye nay loh,,,
Ei ko pe pyit Like dot.
Comment #19
စူးရှတဲ့ မင်းမျက်ဝန်းနဲ့..တစ်ခဏ
ငါ့မျက်လုံးတွေထဲကိုကြည့်..ပါ
အဲဒီလောက်ထိ မယုံကြည်နိုင်ရင်ဖြင့်..
မင်းလက်ထဲက ဓါးနဲ့..
ငါ့ကိုပစ်ပေါက်ပါ…. ကြိုက်သွားပြီ.. Copy လိုက်မယ်ရှင့်
Comment #20
မင်းကဗျာတွေဖတ်ဖို့ လာတာ တန်သွားပြီလို့ ၀န်ခံတယ် သူငယ်ချင်း.ရာ.။
Comment #21
:'(
:'(
:'(
Comment #24
ဟဲ့ ဆရာမပေါက်စ ဘာတွေတန်သွားလဲဆိုတော့ ကဗျာဖတ်ရတာ တန်သွားတယ်လေ..
ဆရာမ မှမဖြစ်သေးဘူး ဆရာကလုပ်ချင်နေပြီ ဟွန်း အမြင်ကပ်တယ် 😛
နင်ဘယ်တုန်းက internet သုံးတတ်သွားတာလဲ ပြောစမ်းပါဦး….
Comment #26
Ei ka dot Nout 1 khar ,,, htet p khan sarr arr pay twar par de.
Comment #27
နှ်သက်စွာခံစားသွားပါတယ်။
Comment #1
Tay loh ya de kwar.
A yann yae dat tar be naw.
Sa kar lone tway ne loak kyan nay par de shint.
Ke kya par ong shint.