ပျက်တောက်သွားတဲ့တချောင်းတည်းသောကြိုး
နှလုံးသားမြေကို တူးဆွ
စိုက်ပျိုးပြီးမှ
သူ့ ကြောင့်တဖန်
နှလုံးသားမြေကို လှန်ပစ်ဖို့ 
ကိုယ့်ကိုကို ရာဇသံ
ချမှတ်ခဲ့တယ်………။
သိပ်မပြင်းထန်ပေမဲံ့
ပါဝါ မပြည့်တော့တဲ့
နာရီတလုံးလို
ရှေ့မတိုးနောက်မဆုတ်သာနဲ့ 
ရင်ခုန်သံတွေ ပျောက်ရှ
အနာဂါတ်တွေ အချိန်မမှန်တော့ဘူး….။
မင်းနဲ့ တွေ့ တဲ့နေ့ က
ကိုယ့်ခြေထောက်ကို
ကိုထမ်းပြီးပြန်လာခဲ့ပေမဲ့
မင်းရဲ့ခြေရာတစ်စုံကို
နှလုံးသားမှာတွေ့ ရတယ်…။
ပင်လယ်ပြင်ကိုဖြတ်ပြီး
တိုက်ခက်လာတဲ့လေညှင်းက
နှလုံးသားတစ်စုံနဲ့ အတွေ့
ချိုသောသွေးတွေ
ခါးခဲ့ရတယ်……….။
လုပ်ရက်လိုက်တာ ကလေးရယ်လို့ 
ပြောဖို့အားယူခါမှ
နားနဲ့ မြင် မျက်ဝန်းနဲ့ ဆက်ဆက်ကြား
‘ကမ္ဘာခြားနေတာမှကောင်းအုံးမယ်’
မင်းပြောရက်တဲ့ စကား
ဓားထက်ထက်မဟုတ်ပေမဲ့
ငါ့နှလုံးသားကိုအပိုင်းပိုင်းပြက်စေနိုင်ပါတယ်………။
ရှိပါစေတော့….
နှလုံးသားနဲ့ခံစားမိတဲ့ ရသ
ခါးမှန်းသိသော်လည်း မြိုချမိတယ်..
ငါ့အခန်းရောက်မှ
မင်းပေးလိုက်တဲ့ သော့တချောင်းနဲ့ 
စိတ်ရဲ့ တံခါးပေါက်ကိုဖွင့်
နံရံပေါ်မှ ကြိုးမဲ့နေတဲ့ဂစ်တာအို
ဆွဲယူ key ညှိမိတော့
တစ်ချောင်းတည်းသောကြိုး ပျက်သွားပြီ…….
‘သံယောဇဉ်’
ဟုတ်တယ်
‘သံယောဇဉ်’ဆိုတဲ့ကြိုး တစ်ချောင်းပဲ………။
ဝေဟင်
Comment #1
နှလုံးသားနဲ့ခံစားမိတဲ့ ရသ
ခါးမှန်းသိသော်လည်း မြိုချမိတယ်..
အရမ်းကောင်းတယ်နော် .. တကယ်သဘောကျမိတယ်ရှင့် …..ကိုဝေဟင်ကဗျာတွေဖတ်ဖို့ စောင့်နေပါတယ် ။