Professional Authors

ဆိုင်ကလုံး

မင်းမသိလို့ ပါ
ခိုးအကြည့်နဲ့ ငါ့မျက်ဝန်းတစ်စုံ
မင်းဆီတည့်တည့် ထိုးကျနေတာ……..။
ညက ခဏပဲဖြစ်ဖြစ်
မေ့တတ်ဖို့ ဆုတောင်းမိပေမဲ့
ဒီနံနက်မင်းခြေဖ၀ါးအောက်
အပြာရောင်သဲကြိုးကွပ်
အနီရောင်ဖိနပ်လေးတွေ့ မှ
ငါ့နှလုံးသားတစ်စုံပျောက်ဆုံးနေတာ သိရတယ်….။
မင်းရဲ့အကြည့် စူးစူးမှာ
ငါ့မျက်ဝန်းတွေ
ဝပ်စင်းညှိုးလျ မနိုးထအောင်
မင်းဘယ်လိုထိန်းချုပ်ထားလဲ…….။
ကောင်းကင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန်မှာ
ကြယ်ကလေးတွေနိုးထခဲ့ပေမဲ့
လမင်းကြီးရဲ့အလင်းမှာ တဖန်
ဝပ်စင်းရပြန်တယ်လေ…….။
မနေ့ က ကဗျာတွေ
အပြည့်ထည့်ထားတဲ့ ငါ့နှလုံးသား
ဒီနေ့ ဖွင့်မှောက်ကြည့်တော့
အာတိတ်အရပ်က ရေခဲတွေ
အရည်ပျော်လာတယ်……။
နှလုံးသားရပ်မှာ
မိုးမသဲလေမထန်ပေမဲ့
အချစ်မစဲအလွမ်းပြင်းလွန်းလို့ 
ဝဲဘက်ရင်ဘက်ခြမ်းမှာ
လှိုင်းထန်နေပါသည်…။
သတိ..
ဝဲဘက်ရင်ဘက်ခြမ်းမှာ
လှိုင်းထန်နေပါသည်……..။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 2, 2012
Comment #1

နှလုံးသားရပ်မှာ
မိုးမသဲလေမထန်ပေမဲ့
အချစ်မစဲအလွမ်းပြင်းလွန်းလို့ 
ဝဲဘက်ရင်ဘက်ခြမ်းမှာ
လှိုင်းထန်နေပါသည်…။

commentinfo By: mayviolet at Dec 2, 2012
Comment #2

သတိ..
ဝဲဘက်ရင်ဘက်ခြမ်းမှာ
လှိုင်းထန်နေပါသည်……..။

ကိုဝေဟင်ရေ … သတိပေးတားမြစ်ချက်ထုတ်ပြန်ထားတာလားဟင်

commentinfo By: မေပျို at Dec 3, 2012
Comment #3

Ei lay ka dot “nar git” taung phyit nay p.
😛

commentinfo By: ei lay at Dec 3, 2012
Comment #4

ှဆိုလိုရင်လဲ ရပါတယ် မမေပျို
ဒါပေမဲ့ မိမိကိုယ်ကိုပါ

commentinfo By: soewaihin at Dec 3, 2012
Comment #5

ကောင်းတယ် ကဗျာလေးက.. Romantic ပါဘဲ..။ ခံစားသွားတယ်။

မိကေသွယ်

commentinfo By: sawkaythwe at Dec 4, 2012
Comment #6

ကျေးဇူးတင်ပါတယ် မိကေသွယ်။

commentinfo By: soewaihin at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment