သံယောဇဉ် ဧရိယာ ပြင်ပ
လွမ်းနေတာကို
လွမ်းတယ်….လို့လည်း
ပြောခွင့်မရ ။
မျှော်နေတာကို
မျှော်နေတယ်လည်း….
ပြောခွင့်မကြုံ ။
ဘယ်ပုံဘယ်နည်း
တကိုယ်တည်းလမ်း ၊ မျှော်ရည်ကမ်းကို
လှမ်းရန်မရှိ ၊ လွမ်းဝန်ပိပြား
သိရဲ့လားဟင် ။
မသိယောင်ပြု ၊ အမှောင်ထု…..ဖုံး
ပုန်းပုန်းကွယ်ကွယ် ၊ နေနေတယ်လား
ဒါမှမဟုတ်
မေ့ဖို့ ကြိုးစား ၊ မုန်းဖို့ ညှာတာ
စကားရှာခက် ၊ နှတ်ဆက်စာရေး
လက်ဆောင်ပေးဖို့
အားနာနေသလား ဖြေပါကွယ်……။
Comment #2
မျှော်နေတာကို
မျှော်နေတယ်လည်း….
ပြောခွင့်မကြုံ ။
Comment #3
မေ့ဖို့ ကြိုးစား ၊ မုန်းဖို့ ညှာတာ
စကားရှာခက် ၊ နှတ်ဆက်စာရေး
လက်ဆောင်ပေးဖို့
အားနာနေသလား ဖြေပါကွယ်……
Comment #4
သံယောဇဉ်ဧရိယာပြင်ပတဲ့လား
အရမ်းကိုတိုက်ဆိုင်ပါတယ်ဆရာရယ်
Comment #1
Nice