မုသားမပါ………………………………
ကောင်းကင်တိမ်တောင်
ဘယ်အတွက်နဲ့ မှိုန်သရောင်ပြနေတုန်း
လှလွန်းတဲ့ ဒီမဒီ
ဘယ်ပန်းချီမှ
ရေးမမှီ
လှသည့်အလှ
ယဉ်သည့်အယဉ်
ဆံနွယ်ရှည်လေး
လေတိုက်တိုင်းယိမ်း
ကောင်လေးတွေ မင်းအလှ မှာတိမ်းကြတယ်
ရုတ်တရက်မို့ဖမ်းစား
မင်းက နတ်သမီးအလား
ဝင်းဝါသည့်သည်အသား
ချစ်သူ
ဘယ်ဘ၀ရဲ့ ဆုတောင်းများလည်း
ဆည်းလည်းသံတွေများမင်းနှုတ်ဖျားက
စကားသံလောက်မသာယာတာအမှန်
ကောင်းကင်ကို လက်ခမောင်းခတ်
မြေကြီးကို ပုတ်
ငါ ရဲဝံစွာတစ်ခုတော့ ပြောချင်တယ်
ကမ္ဘာမှာဘယ်သူတွေ ဘယ်လိုလှလှ
ငါ အတွက်တော့
မင်းက အလှဆုံးပဲ……………….။
Comment #2
ချစ်သူ့အလှကို တင်စားချက်က အရမ်းကောင်းလွန်းတယ်နော်

Comment #3
ချစ်နေတုန်း တော့လည်း
လောကကြီး မှာ နိုင်စရာမရှိအောင်လှပ့ါနော်

Comment #4
ချစ်နေတုန်း တော့လည်း
လောကကြီး မှာ နှိုင်းစရာမရှိအောင်လှပ့ါနော်

Comment #5
မုသားမပါ……….တဲ့ ခေါင်းစဉ်နဲ့..လိုက်ဖတ်နေတယ်ဗျာ…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Pyaw like Dar.
😛