ဖြူစင်ပွင့်လန်း စံပယ် ပန်း…………………..
လေပြေအဝေး
ရှောင်ဖယ်သွေးလည်း
ပျော့ပျောင်းထွေထွေ
ရနံ့တွေကား
မွှေးပျံသီလာ
ပီသကာပင်
ဂန္ဒာအတွေး
အာရုံထဲသို့
ဟိုဝင်ဒီထွက်
သူဆွဲဆောင်ဖို့
ကြိုးစားပင်လျှင်
သူ့အလှက ဖြူ
ယဉ်သည့်ဒီပန်း
ဘယ်မဒီပန်ပန်
နန်းမစံလည်း
ပန်ပန်သည့်ဟန်
အနံနဲ့ဆောင်
အရောင်နဲ့လင်း
ဘုရားတင်သည့် ဒီပန်း
တချို့တွေကထူး
ဆူးတွေဆူးလည်း
တစ်ချို့တွေကတင့်
ပင်တိုင်းဆင့်ပေမယ့်လည်း
သူကတော့ထူး
တချို့တွေ များ
သူ့ကိုတင် အနံကိုသုံး
သူအလှသူအထုံး
တစ်ကုံးလည်းထည်း
တစ်ပွင့်လည်းထူး
ဟော့ဒီ စံပယ်ဖူး……………………..။
Comment #2
ပန်ချင်တယ်ရှင် ဒီကဗျာလေးဖတ်ပြီးတော့
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Lovely
😉