ညမွှေးပန်း
နေမင်းတောင်စွယ်
တရေးဝင်အိပ် တိမ်ထောင်လိပ်နှင့်
တိမ်ညိုတိမ်ဝါ တိမ်ပြာမရမ်း
အစုံမွှမ်းတော့…
အနောက်အာကာ လွမ်းမောသာမို့ 
မျှော်ရသူမှာပမ်းလှတယ်…..။
အာရုဏ်ကျဉ်းကျုပ် တမိုးချုပ်လို့
ရှစ်သိုင်းဝဠာ မှိုင်းပြာပြာနှင့်
အာကာတခွင် မှောင်ရိပ်ဆင်လျှင်
ကျွန်ုပ်နိုးထ ပွင့်ခွင့်ရ၍
ညှင်းလေပြေတွင်း ခုန်ပေါက်ဆင်းသည်
လောကမွှေးပြန့် ပါစေသတည်း………။
ဝေဟင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းတင်စားနိုင်တာပဲရှင် .. အရမ်းကြိုက်လို့ ကော်ပီကူးထားလိုက်တယ် တကယ်ကောင်းတယ်ရှင့်