သူ နှင့် အချစ်
ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်အောင်
ဝင်ရောက် စိုးမိုးနိင်သူ
အိပ်ပျော်နေသော နှလုံးသားကို
လှုပ်ခတ် နိုးနိင်သူ
မက်လတ်စ အိမ်မက်တွေကို
ခြယ်သပေးနိင်သူ
အပြုံးလှလှ လေးတွေကိုလည်း
ဖန်ဆင်းပေးနိင်သူ
နူးညံ့တဲ့ နှလုံးသားတစ်ခုကို
ပေးအပ်ခဲ့ပြီး
ကြမ်းတမ်းတဲ့ လမ်းတွေကို
လျှောက်လှမ်းစေခဲ့သူ
အချစ်တစ်ခုကို ကိုးကွယ်စေခဲ့ပြီး
ဘ၀တစ်ခုကို နှောက်နှေးစေခဲ့ရတယ်
တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။
Comment #2
တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။
ဟုတ်တယ် .. အချစ်က ကိုယ့်ကို ကစားသွားတယ်ရှင့် .. တူတူပဲ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
မှန်ပါ၏ ထောက်ခံပါ၏
တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။
we should kill the love !!!!!
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #5
ကိုဝေဟင်က ဖြေတွေးလေးတွေးတတ်တယ်ထင်တယ် .. ပညာရသွားပါတယ်နော် .. အချစ်ပြသနာ အချစ်ပြသနာ ..
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #7
ဟုတ်မှာပါ ရှင် .. စိတ်မကောက်ဖူးလို့ပါ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #9
ဟိ တကယ်လားဟင် .. စိတ်ကောက်လို့ရမယ့်သူရှိရင်တော့ ကောက်ပစ်ချင်မိတယ် .. အခုတော့ စိတ်ကူးထဲကပဲ ကောက်မိမယ်ထင်တယ် ..
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #11
ကျေးဇူးတင်ပါတယ် ကိုဝေဟင် နဲ့ မမေပျို
တကယ့်ဘ၀တူတွေပါပဲ။ ကျွန်တော်လည်းတစ်ယောက်တည်းပဲဖြစ်နေတုန်းပါ.
အဆင်ပြေတယ်မလား ဒီတိုင်းလေးပဲ….
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #12
Cutie words with sweet thoughts.
I like comments.
Ha..ha..
Arr lone tu tu be.
All r prince & princess.
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #13
ပြေပါ့ရှင် ပြေပါ့ … ဟိ ဒီဆိုဒ်ထဲမှာ ရည်းစားလက်မဲ့တွေချည်းပဲလားမသိပါဖူးနော် ခိခိ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #14
He..he..
Yee sarr dot Shi bu lae.
Myat noe ya de chit Thu dot Shi de.
😛
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။
ခံစားအားပေးသွားပါတယ်…။