ဈန်ဝင်စားခြင်း
ဆူတယ်ညံတယ် ဆူလွန်းတယ်ညံလွန်းတယ်
ပူပူပင်ပင်အတွေးတွေနဲ့အမယ်ဘုတ်ရဲ့သူ့ချည်ခင်
ရှုပ်ရှုပ်ထွေးထွေးဆိုပေမယ့် သုတ်သုတ်ပြေးလို့မှမရနိုင်တော့
အင်း ….. ရိုးရိုးကုတ်ကုတ်လေးပဲနေတာကာင်းပါတယ်
ယောင်လည်လည်လမ်းမထက်က အစာမျှော်ဘ၀တွေကိုတွေ့မိရင်
ရင်ဘတ်ထဲမှာတမျိုးပဲ …. အသက်ရှုတာခြင်းတူပေမယ် လူခြင်းမတူနိုင်တဲ့ဘဝ
ခြားနားခြင်းမှာဘယ်လိုသက်ရောက်မှု့တွေကပိုပြင်းထန်ပါသလဲ
ဒုက္ခသစ္စာဆိုတာ ဘ၀တွေသိပ်ခါးနေရင် နီးလေမမြင်လေပဲ
နေ့နေ့ညညတွေ့သမျှကိုခံစား ကဗျာဆရာရဲ့ရင် ပါးလွန်းတာ မကောင်းဘူးဗျာ
ထစ်ခနဲဆိုခံစား အိပ်ပျက်ရတာတွေများများလာခဲ့ နေ့ကိုညထင် ညကိုနေ့ထင်
ထင်ယောင်ထင်မှားနဲ့မြင်ယောင်ခံစားမိတာက ကဗျာပြီးကဗျာ ကဗျာပြီးကဗျာပါပဲ
ဝင်သလိုလိုနဲ့ထွက် ထွက်သလိုလိုနဲ့ဝင် ထိသိကိုမှတ် ရှု့မှတ်ခံစား
အနိစ္စဆိုတဲ့မမြဲခြင်းတရား ရင်ထဲမှာလက်ကိုင်ထားပေမယ့်
ငါ့ကဗျာ ၊ ငါ့စကားလုံး ၊ ငါ့အတွေး ၊ ငါ့ရစ်သမ် … အင်း …ငါ ငါ ငါ ကိုဖြစ်နေတာကခက်
အတွေ့နဲအထိဆိုတာ အသိနဲ့သတိကို ပိုပိုလွှမ်းမိုး ညနက်နက်တွေထဲကိုမတိုးပဲရောက်ခဲ့ပေါ့
ဒီလိုနဲ့ရေချိန်တွေသာပိုတိုးတိုးလာခဲ့ များနေပြီအကို အကိုသိပ်များနေပြီ တဲ့
စိုးရိမ်စိတ်နဲ့ဝိတ်တာလေးစကား ငါသဲ့သဲ့ကြားရင်း ပြန်ပြောမိ ငါကများရုံတင်ပါကွာ
ကမ္ဘာကြီးကဖျားတောင်နေခဲ့ပြီလို့ ………………………………………………………
အဲဒီလိုနဲ့ပဲ ………………………………………………………………………………….
ကျွန်တော်လည်း ကဗျာရေချိန်တွေတွေပိုပိုကိုက်လာခဲ့ပြီလေ ။ ။
တင်မျိုးနိုင်
Comment #1
ရေချိန်ကိုက်သွားပြီရှင့် .. အစ်ကို့ကဗျာကို ဖတ်ပြီးတော့ပေါ့ .. ကဗျာဆရာရဲ့ရင်က ပါးပါးလာတယ်ဆိုတာလေး သဘောကျတယ်ရှင့်