ဒိုင်ယာရီ….
ငါ မြတ်နိုးတန်ဖိုးထားတဲ့ နင့်ကို
ပိုင်ဆိုင်နေရသူဟာ
ငါမဟုတ်သော သူ
ငါလောက်သူ မချစ်ခဲ့ပေမယ့်
ငါထက်ပိုပြီး နင်ချစ်ခဲ့သူ
ငါက ရှောင်လွှဲမရခဲ့တဲ့
လမ်းတွေရဲ့ကြားမှာ
တိတ်တဆိတ်နဲ့ပဲ မျိုသိပ်နေခဲ့ရတယ်
တကယ်ပါ ရှုံးနိမ့်ဖို့ အတွက်ပဲ
ချစ်ခဲ့တယ်ဆိုလည်း နင်တော့
မုန်းမေ့ မပစ်လိုက်ပါနဲ့
ငါလျှောက်လှမ်းဖို့ ခြေလှမ်းတွေကို
လောက ကဒဏ်ခတ်ခဲ့တာလား
ငါ အရမ်းချစ်တဲ့ နင့်ကို
တွေ့လိုက်ရတိုင်း ရင်ထဲမှာအောင့်ပြီး
မျက်ရည်တွေ စို့နစ်လာတက်တယ်
ခုထီ နင်နဲ့ဝေးတဲ့ အရပ်မှာတင်
စိတ်ကူးတိုင်း ၊ အိမ်မက်တွေတိုင်းလည်း
နင့်ဆီကိုပဲ လွမ်းနေရလို့
ဘေးပတ်ဝန်းကျင်တွေရဲ့
သာယာမှုတွေဟာ ငါ့ရဲ့
ရန်သူဖြစ်လို့နေပြိ။။။
Comment #2
အဲဒါဆိုရင်တော့ အရမ်းကိုကျေးဇူးတင်ပါတယ်
မအိလေး

Comment #3
အရမ်းမခံစားပါနှင့် .. မေ့ပစ်သင့်တာတွေ မေ့ပစ်လိုက်ပြီး ပြန်စတင်ပါတော့ ..

Comment #5
!_!
!_!
!_!

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Hna lone tar hnit khan sarr phat shu twar par de.