လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ …
လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ …
ဝေး _ ကောင်းကင်ဟာ နှစ်ခု
ကံကြမ္မာ _ ဒါဏ်ရာလှအောင် ဓါးထက်ထက်နဲ့ ခွဲ
ဘယ်လို မလှပခြင်းမျိုးလဲ
ခံစားမှု အဆုံးမသတ်တဲ့ အလွမ်း
ကံဆိုးသူ (၁ ၊ ၂ ၊ ၃ ၊ …)
လက်ပစ်ကူးခဲ့တဲ့ ပင်လယ်တစ်ခုရှိတယ်
ရုန်းထွက်ခဲ့ကြတဲ့ နွံတစ်အိုင်ကို လွမ်းတယ်
နစ်မြုပ်ပါရစေ … ကောင်းကင် တစ်ခုထည်းအောက်
ဝေဒနာဟာ ဆို့နင် ကြေကွဲ
ညတွေတိုင်း နံပါတ်စဉ် ရွတ်ဆိုသံ
ဒီ … အခန်းထဲ တိုးတိုး … တိုးတိုး…
ကော်ဖီဟာ အလွမ်းရဲ့ သစ္စာရှင်
ဂစ်တာဟာ အလွမ်းရဲ့ သစ္စာရှင်
ကဗျာဟာ အလွမ်းရဲ့ သစ္စာရှင်
ခံစားမှုဟာ နေနဲ့ညကို အပိုင်ဝယ်ရင်း
မိုးလင်းမိုးချုပ် တိုအရာနဲ့ အလုပ်ရှုပ်နေတယ်
သစ္စာဟာ တစ်ဖက်သက်ဆန်တယ်
ရာသီ ၊ နာရီ ၊
အချိန်ဟာ ကြေကွဲမှုမှာ စတေးခံရင်း
နာကျင်မှုကို မက်မက်မောမော စားသုံးနေတယ်။
လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်
လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်
လမ်းခွဲဟာ ၊ …
ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ …။..။
လူသစ်
Comment #2
လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်
လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်
လမ်းခွဲဟာ ၊ …
ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ …။..။
Comment #1
Hna lone tar hnit phat twar par de shint.