။ …. စိတ် …. ။ ( sharon )
“ သိမ်းပါ ပိုက်ပါ ဆွတ်ငင်ပါ
ရှင်ကိုယ်တိုင်ပဲ ကျွန်မကို
ရှင့်ထံလူကုန်ကူးလိုက်ပါ ” (ဇေယျာလင်း__ ၂၀၀၇ ပရူးဖရော့က်ရဲ့ အချစ်တေး )
ပင်မသွေးကြောစီးရာလမ်းတစ်လျှောက် ရူးရူးနှမ်းနှမ်းစီးမျော စည်း…အပြင်စည်းအတွင်းစည်း..အရောင်စုံလွန်းခဲ့လေတဲ့အသိတရား
သုံးစွဲပြီးသမျှ အန်ဖတ်ဖြစ်ဖြစ်သွားတယ်
တဏှာရောင်ကိုဖြုတ်ချခဲ့ ကြ ငါတို့ ခေါင်မိုးတွေ ရေကုန်ရေခမ်းလို့ မဖြစ်သေးဘူး
ရေခံမြေခံ တွေ ရေလျှံရေခံ ဖင်ပုတ်ခေါင်းပုတ်
ပရောဂျက်တွေ ဖောင်းတွေ အကောင်တွေ အကောင်မတွေ အသက်ရှူကျပ်လွန်းလို့ ပါ…ဘယ်မှာလဲ….အောက်ဆီဂျင်ဘယ်မှာလဲ
လွတ်လွတ်ကျွတ်ကျွတ်လွတ်ကျွတ်တဲ့ အရာဆိုလို့  သေခြင်းတစ်ခုပဲရှိတယ် မဟုတ်ပဲ နဲ့ ဟုတ်လား
ကိစ္စကပေါ့သလိုနဲ့ မပေါ့မပါး အဲဒါလေမပေါ့မပါး နဲ့ 
လောလောနဲ့ တည်ဆောက်လို့ လောလောနဲ့ ပြိုလဲလိုက်ရတယ်
အဲဒီမှာ မပြောမဖြစ်ပေမယ့် မပြောမှဖြစ်တဲ့ ကိစ္စလေးတွေရှိတယ်
ဆန္ဒက အမည်နာမရှေ့ မှာ နာမ၀ိသေသနတစ်ခုခုပေါ့
လူသားဖြစ်ခွင့်ကိုချစ်တယ် ချစ်ပါ
ကဗျာတွေကိုချစ်တယ် ခြစ်ပါ
သီချင်းတွေကိုချစ်တယ် ညည်းပါ
မထင်မရှားတာကို သဲကွဲပါ အသဲကွဲခံပါ
တောင်ရောက်မြောက်ရောက်အိပ်မက်တွေကိုဖမ်းဆုပ်ပါ မိချင်ယောင်ဆောင်ပါ
စုန်ရေအကြောင်းမေ့ထားလိုက်ကြမယ် အမှန်ကမေ့
ဒုက္ခမှန်သမျှ Exit ( အစစ် )
သုခမှန်သမျှ In ( အင် )
မဟုတ်တာလေးတွေရွေးပြောကြရအောင်
မလုပ်ချင်ရင်မလုပ်ပဲနေလိုက်ကြမယ်
မသွားချင်ရင် မသွားပဲခြေစုံရပ်နေကြမယ်
ခေါင်းမရွေ မှတော့ ကိုယ်မရွေ့ ပဲနေလိုက်ကြမယ်
နောင်တတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြမယ်
မပြေမလည်တာကိုဖြေသာလိုက်ကြဖို့ 
ပွင့်ရိပ်ပန်းရိပ်အောက်မှာ အနိစ္စသဘောကို အခြေအတင် ငြင်းခုံကြရအောင် လူကောင်းတွေလို တစ်ခါတစ်လေပေါ့
စကားတစ်ခွန်းဟာပြောဖန်များလာရင်မုသာမှအမှန်သို့  လားတတ်သလား ဆိုတာထိုင်ပြီးဆွေးနွေးကြမယ်
ထိုင်ခုံတွေဘယ်လောက်အိုအို ဆန္ဒတွေ မအိုမင်းတတ်ကြောင်း ကြီးကြီးကျယ်ကျယ်ပြောကြမယ်
ဒါကမပြောင်းလဲခြင်နိယာမဖြစ်ကြောင်း ဆက်လက်သွန်းဆစ်ကြတာပေါ့ရှင်
ညဆိုတာ ဇာတ်ဆောင်…..
အပျိုစင် … ည .. စင်စစ် စင်တဲ့  ည ။
တစ်ဒင်္ဂငယ်များစွာ ခဏငယ်များစွာ ပြီးး အကြောင်းအရာတစ်ခုမှအသိတရားများစွာ
စကားတစ်ခွန်းနှစ်ခွန်းနဲ့ အိမ်ထောင်မှုပြုနေကြရတဲ့ ခေတ်
ခေတ်ကိုက ခေတ်ထနေသကိုး ပဲဆိုဆို ဒါကအမှန်တရားမုသာလေ ။
ပင်မစာမျက်နှာကြီးတွေမှာ ဒိုင်နိုဆောကြီးအပျင်းကြောဆန့်  နေတယ်… တဲ့
ဖွယ်ဖွယ်ရာရာတွေ မဖွယ်မရာတွေ ဇာတ်မျော
အကြောင်းကြောင်းကြောင့် အယူအဆ မူယာဝါဒလေးတွေ ဆင်တူယိုးမှားစွာ မျက်ကွယ်ပြုခံရတဲ့ နေ့ လေးတွေ တကယ်ရှိတယ်လေ တကယ်ရှိတယ်
မိမိရရ ကွက်မျက်လိုက်ကြမယ်
၅၀/ ၂၀ ဒါနည်းနည်းတော့ဆိုးတယ်
သွေးပေါင်ချိန်ကိုခဏခဏတိုင်းသင့်ကြောင်းဘုရားသခင်သင်ပေးတာလား
မည်သူမပြု မိမိမှုပဲလား
မျက်လုံးအတွက်မျက်လုံး သွားးအတွက်သွား အပြုံးအတွက်အပြုံးပေးကမ်းခြင်း ထပ်ပြီး နှုတ်ခမ်းအတွက်နှုတ်ခမ်း လူသားမိန်းမယောကျာင်္းတွေအတွက် အလှပဆုံး အချစ်ထုံး ပေါ့
ရာသီဥတုအောက်က စိတ်တို့ ၏ ကွန်းခိုခြင်း
နောက်ရေးမယ့်ကဗျာခေါင်းစဉ် လို့ ကြီးကျယ်တာတွေပြောမယ်
“သိမ်းပါ ပိုက်ပါ ဆွတ်ငင်ပါ
ရှင်ကိုယ်တိုင်ပဲ ကျွန်မကို
ရှင့်ထံလူကုန်ကူးလိုက်ပါ ” (ဇေယျာလင်း__ ၂၀၀၇ပရူးဖရော့က်ရဲ့  အချစ်တေး)
ဒါပြီး ဒါရှိ ဒါဖြစ် ။
တိုးတိုးရှရှ သွေးမဲ့ အနာ …. ။
ကိုယ့်တဏှာနဲ့ ကိုယ်ပဲ
အဲဒါနဲ့  အချစ်ဆိုတာ သေခါနီးလူသားတစ်ယောက်ရဲ့ အပြုံး လိုလို့  ငါထင်မှတ် ။
ခုတိုက်ရမယ့်စစ်ကလေ ။
။ …… စိတ် …. ။
။ …. စိတ် …. ။
Sharon
17 . 8 .2012
Comment #2
Sharon ..ဥာဏ်မမှီ ပေမယ့်လည်း အားပေးသွားတယ်
ကျန်းမာရေး ကိုဂရုစိုက်ပါ။
အစဉ် အားပေး လျက်..
်
Comment #3
merry x’ mas
Comment #4
Nice creation
Comment #5
ကျေးဇူးတင်ပါတယ်ရှင် ။
Merry Chritmas To You All !
God Bless You All ! _/\_
Comment #6
shron ကဗျာတွေ ပျံ့လွင့် နေတယ် စုစည်း
မှုပေးမဲ့လူကို လိုက်ရှာနေကြတယ်။
အားပေးလျှက်ပါ။
Comment #7
လူလူလူလူ ပြန်လာပါဘီ ပြန်လာပါဘီ မောင်လူလူလူလူ ပြန်လာပါဘီ 😀
ကဗျာအရွေ့လေးတွေကို ပြောချင်သဗျ
ဆရာမရှရွန်ရဲ့ ကဗျာအရွေ့လေးကို မနှစ်က ဆယ့်နှစ်လပိုင်းနဲ့ ဒီနှစ် ဆယ့်နှစ်လပိုင်းမှာ အရှင်းကြီး ပြောင်းချင်နေတာ မြင်ရ
(သို့ပေမယ့် မ၀ံမရဲသာ ဖြစ်နေ)
ဘာသာစကား ကဗျာကို စိတ်ဝင်စားသည်လို့မြင် သို့ပေမယ့် မ၀ံရဲသေး
ဥပမာ
ဒုက္ခမှန်သမျှ Exit ( အစစ် )
သုခမှန်သမျှ In ( အင် )
(-)နဲ့ / နဲ့ ဘာသာစကားမှာ သိသိသာသာ ဖွင့်ဆိုပုံကွာတယ်ဗျ ဆရာမရဲ့ ဒါဟာလည်း တမင်တကာ ပြုလုပ်မှုလို့တော့မမြင်ဘူး ပညာရှိ သတိဖြစ်ခဲပဲ နေမပေါ့
Expression ကဗျာတွေကို ရေးလေ့ရှိတဲ့ မျောဟာ လက်ရှိအပြောင်းအလဲကိုလဲ စိတ်တွင်းက ခံစားမှုကို ဗဟိုပြုပီး ပြောင်းလဲ ချင်ပုံရတယ်
ဒါပေမယ့် ကဗျာအရွေ့ထက် လိုင်းအရွေ့ကိုပဲ မြင်ရတယ်
ကဗျာလိုင်းတွေအကုန်လုံးက ခေါင်းစဉ်ရဲ့ ချုပ်ကိုင်မှုအောက်ရောက်သွား
အဆက်အစပ်မဲ့မှု ဆိုတာထက် အဆက်အစပ်ရှိရှိကြီး ယုတ္တိမရှိ နာကျင်နေတယ်လို့မြင်မိ
(ပြောချင်ရာတွေ ပြောမိတာ များဘီ)
တာ့တာ
နောင်များမှာ ဆုံဦးမည်
စကားမစပ် ကျွန်တော် ခံစားမိတဲ့ ကဗျာကို ဖျက်စီးတဲ့ လိုင်းက နောက်ဆုံးလိုင်းပဲ
အဲဒါနဲ့  အချစ်ဆိုတာ သေခါနီးလူသားတစ်ယောက်ရဲ့ အပြုံး လိုလို့  ငါထင်မှတ် ။
ခုတိုက်ရမယ့်စစ်ကလေ ။
။ …… စိတ် …. ။
ကဲဗျာ မဲရီးခရစ်စမတ် မနှစ်ကလို ခင်ဗျားရဲ့ အိမ်ပုံစံ ဓါတ်ပုံလေးမှာ မဲရီးခရစ်စမတ် လို့ ပြန်မပြောရတာ ၀မ်းနည်းစရာ ။ ကြာပါပြီ ။ တစ်နှစ်ကျော်ပီ ။
လူငယ် 😀
Comment #8
အားပါးတရ လိုအပ်ချက်တွေကိုဝေဖန်ပေးသွားတဲ့  lu4 ကိုကျေးဇူးတင်ပါတယ်ဗျာ
ကျနော်ကိုယ်တိုင် စပေ့ခ်ျ တွေကြားမှာ စပေ့ခ်ျ ခြားခံရင်း လုံးချာလည်နေ ။ 😀
ကျနော် ကြိုးစားပါ့မယ်ဗျ ။
နောက်လည်းအကြံပေး ထောက်ပြပါဦးဗျာ ။
ကျေးဇူးတင်ပါတယ်ခင်ဗျ ။
Comment #10
ကျေးဇူးပါ ငါ့မောင်ရ 🙂
Comment #12
သမီး အီးမေးလ် သိပ်မသုံးဖြစ်တော့လို့ ပါ
လိုင်းပေါ်ခဏခဏ မရောက်နိုင်လို့ 
ရောက်ရင်အော်ပါမယ် ။ 🙂
Comment #14
သတိရတုန်းပဲဗျာ။ ခရစ်စမတ် နီးပြန်ပေါ့ 🙂
Comment #1
အချစ်ဆိုတာ သေခါနီးလူသားတစ်ယောက်ရဲ့ အပြုံး လိုလို့  ငါထင်မှတ် ။