မီးစများသို့ ပြန်စာ
“ မီးစများသို့ ပြန်စာ ”
မျက်လုံးကအာလူးမစားဖူးဘူး
လီယိုနာဒိုဒါဗင်ချီက ပြုံးတတ်မှန်းမသိဘူး
ဦးဗဂျီငိုကစာရေးတတ်မှန်းမသိခဲ့ဘူး
ရာသီပေါ်သီးနှံကိုသိပ်ကြိုက်တဲ့ ပါးစပ်က
ရာသီပေါ် စကားတွေ မပြောတတ်ခဲ့ဘူး
သားလှီးဓါးတွေရဲ့ စုတ်ချက်အောက်မှာ
ငါ့သောင်ပြင်လည်းနာမည်အမျိုးမျိုးနဲ့ ညစ်ထေး
ဘောင်မခတ်ဖို့လည်းငါက ငြင်းဆန်တွန်းလှန်မိတုန်း
စက္ကူပေါ်မှာညှော်နံ့ တအူအူနဲ့
ကိုယ့်ခြေထောက်ပေါ်ဆိုင်းဘုတ်ထူကြ
လှံစိုက်လည်း ငါ့သွေးဟာနီမြဲနီနေလိမ့်မယ်
မျက်တွင်းဟောက်ပက် သူရဲကောင်းတချို့
နှစ်မြို့အောင် ငါ သကာလောင်းမထားမိဘူး
ဘာမှမသိလို့ ဘာမှမပြောဘူး
ဘာမှမပြောလို့ ဘာမှ လာမပြောကြပါနဲ့
ဘာမှ မသိချင်လို့ပါ ဘာမှန်းမသိတဲ့ဆရာတွေရယ်
ဘာကြောင့်များငထွားကိုခါးနာစေမှာလဲ
ကျုပ်နှလုံးသားဟာလူပီသတယ်
ကျည်ဆံတစ်တောင့် အမြဲဆောင်ထားတယ်
ပြိုင်ဖက်မျက်နှာမမြင်ရရင် ကျုပ် စီးချင်းမထိုးဘူး
ဘာပဲဖြစ်ဖြစ်ပေါ့လေ
ခင်ဗျားရော ကျုပ်ရောမြေကြီးလက်ခုပ်ထဲကရေပါပဲ
ချီရွန် ( ပုလဲ )
Comment #1
ကျုပ်နှလုံးသားဟာလူပီသတယ်
ကျည်ဆံတစ်တောင့် အမြဲဆောင်ထားတယ်
ပြိုင်ဖက်မျက်နှာမမြင်ရရင် ကျုပ် စီးချင်းမထိုးဘူး
ဘာပဲဖြစ်ဖြစ်ပေါ့လေ
ခင်ဗျားရော ကျုပ်ရောမြေကြီးလက်ခုပ်ထဲကရေပါပဲ