ချစ်သူ့တမ်းချင်း
လောကကြီးထဲ…
ဘာတစ်ခုမှ မပိုင်ဆိုင်တဲ့ငါ
လကိုရူးတဲ့ ညတစ်ညလို
နင့်ရဲ့အချစ်တွေကိုတော့ ပိုင်ဆိုင်လိုမိတယ်။
နင်ရဲ့အချစ်တွေ ပိုင်ဆိုင်လိုတဲ့ငါ
အချစ်နတ်ဘုရားတွေထံမှာ ဆုတောင်းလွန်းလို့
ကရုဏာ နတ်သမီးကတောင်
မောင်မင်းကြီးသား ငါ့ကို သနားနေခဲ့။
ဒဏ်ရာတွေ ဗလပွနဲ့
နင်လက်မခံတဲ့ ငါ့ရဲ့နှလုံးသား
နှင်းဆီရဲ့ ဆူးတစ်ချောင်းနဲ့ ထိုးမွှေ့သလို
တဆစ်ဆစ်နဲ့ ခံစားနေရဆဲ။
နှလုံးသားမိုးတိမ် ပြိုကွဲလို့
တိတ်ဆိတ်ခြင်းများနဲ့ နှစ်ပါးသွားခဲ့ရ
သတိရခြင်းတွေ တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်
မီးခိုးငွေ့တွေကြားထဲ….
မင်းပုံရိပ်တွေ ရှာနေဆဲပါလေ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so nice