★•.☆ မျက်ကန်းတစ္ဆေ ☆•.★
မထင်မိဘူး…မနောဖြူ… ! ! !
ခံစားချက်တွေနဲ့…
ထွေထွေလေး မူးတဲ့ည…၊
ငါ့သန်းခေါင်ယံ မှာ…
ငွေလရောင်က..ခပ်ရေးရေးလင်းတယ်..
နင့်အတွက်…၊
ပွင့်အန်ကျတဲ့ခံစားချက်တိုင်း
လမိုက်ညအမှောင်ကြား…
ငှက်ဆိုးထိုးသလို အ’မင်္ဂလာ ကို…ဖြစ်…လို့..
ငါ့အတွက်…
နင့်ရဲ့ကြင်နာခြင်းဆိုတာ…
စိတ်ကူးနဲ့ပုံဖော်ရင်တောင် စမ်းတ၀ါးဝါးပါပဲ…
“တစ္ဆေမကြောက်တဲ့ မျက်ကန်း”
ဟုတ်တယ်…မနောဖြူရဲ့…
နင့်အပါး…ဖ၀ါးမခွါ ခစားလို့…
ကိုယ်တိုင် တစ္ဆေတစ်ကောင်လို အရောင်မဲ့တဲ့ငါရယ်လေ…
ခပ်စောင်းစောင်းရောက်လာမယ့် အကြည့်တစ်ချက်ကို…
ခုံမင်စွာ စောင့်လို့… ၊
( မထင်မရှားငါ့အရိပ်တောင် ရှက်တတ်နေပြီ…)
မျှော်လင့်ချက်ရောင်နီလဲထပ်မဲ့…
ကဲ………ငါလဲ ငါ့အရိပ်နဲ့ငါ…ဆက်မူးမယ်…၊
နင်….မကျေနပ်ရင်…
မျက်စောင်းတစ်ချက် ငါ့ဖက်…လွတ်ပေါ့…
★•.☆ အမုန်း မီးလျှံ ☆•.★
Comment #3
😛
He..he..
Ei ka nout like tar par.
Sate soe ne naw.
By: ei lay at Dec 11, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Myat saung htoe like yin p yaw lar?