အကြွေပန်း
ဟိုးအထက် ပင်မြင့်မှာ
တစ်နှစ်တခါသာ မြင်ရတဲ့ ပန်း
သစ္စာတရားကို တန်ဖိုးထားတယ်ကြောင့်
နွေလေရှူးနဲ့ အတူ
နှစ်ဦးမှာပဲဝေ ပြီး
နှစ်ဦးမှာပဲ ကြွေခဲ့ပါရဲ့။…..။
ရွှေကဗျာ မြေကိုသက်ဆင်းစေဖို့
နွေအခါမှာ ပြေးခဲ့တဲ့ မိုးရေစက်တွေက
မြေမှာ အခါခါ နွေ ရနံသင်းခဲ့တဲ့ရက်ကိုမှ
မင်းရွေးပွင့်ခဲ့သလား ပိတောက်ရယ်။…။
အကြွေပန်းပေမယ့်
ရွှေနန်းတော့ ထိုက်တဲ့
ရွှေသီဂီ င်္ဆိုတဲ့အဆင်းနဲ့
မြေကမ္ဘာကို အလှခြယ်
မိုးပြာပြာနောက်ခံအောက်က
စိမ်းနဲ့ ၀ါရောင် ပေါင်းဖက်တဲ့အလှ
ရင်ကို တသက်တာ အေးမြစေပါတယ်။…။
မင်းအလှမှာယစ်မူး
မင်းကို ခူးဆွတ်တဲ့သူတွေကြောင့်
မင်းရဲ့ ဇာတိ ပင်မြင့်ခမျာ
ခံစားရတဲ့ဒဏ်ရာ ပရပွနဲ့
ကြွေကျတာတွေကို နင်းချေသွားတဲ့လူတွေကို
အပြစ်မတင်ရက်ပေမယ့်
ကိုယ့်ချစ်သူကို လူလု
အူနုကို ကျွဲခတ်ခံရသလို
ကိုယ် ရင်နင့်ရပါတယ်။….။
ချစ်သူရေ…
လေအထမှာ ကြွေကျခဲ့တဲ့ ပိတောက်ကို
ကိုယ်ဖမ်းယူက မြေချမပေးနိုင်ပေမယ့်
မင်းခြယ်သတဲ့ပန်းချီကားဖြစ်တဲ့
မြေကမ္ဗာ ရွှေရည်ရောင်ပေါ်ကို
နင်းခြေမဖြတ်ရဲလောက်အောင်
ကို မြတ်နိုးမိပါတယ်…..
Comment #2
beautiful idea !
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
Kou myat noe mi par de.
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
So lovely & lively.