Professional Authors

ငါ ဆိုတဲ့ ငါ………………………..။

တံတားပေမယ့်
လမ်းမရှိ
အနမ်းပေမယ့်
အထိအတွေ့မရှိ
အချစ်ပေမယ့်
ခံစားချက်မရှိ
လွမ်းနေတာသူမသိ
ကိုယ်မသိ
နေရာထိုင်ခင်းမရှိတဲ့ဘဝ
ဝေဒနာနဲ့လူ
အဆွေးများကို ရှေ့တန်းတင်
တိုက်ပွဲဝင်သေနတ်များ
ကျည်ကုန်ခန်းနေပြီလား
စစ်ချီတေး စစ်သည်တေး
ကျွန်တော် အစအဆုံးမရတော့
အတိတ်ကို ပြန်မကြည့်
အားအင်ကုန်ခမ်းခြင်းအတိနဲ့
ယခင်က အပွင့်အခက် တို့
ငါ့ပုခုံးပေါ်က ပြုတ်ကျကုန်ပြီ
တစ်ခါက ငါဆိုတဲ့အတ္တ
ခ၀ါချဖို့ အချိန်တန်ပြီ
အုန်းသီးခွဲ ဖို့ အချိန် ရောက်ပြီ
ခေါင်းလောင်းထိုးဖို့ အချိန်ရောက်ပြီ
သူတို့ တွေ ဘာလုပ်ခဲ့ကြလဲ
ငါဘာလုပ်ပြီးပြီလဲ
ငါဘာဆက်လုပ်သင့်သလဲ
ငါရေးထားတဲ့ တစ်ချိန်က
ငါ့ဒိုင်ယာရီ
ငါ့မျိုးဆက်သစ်များအတွက်
သမိုင်းတရပ်
ငါ ကောင်းခဲ့ရဲ့လား
ငါ လုပ်နိုင်ခဲ့ရဲ့လား
တိုက်ပွဲ ၀င်ခေတ်ကုန်ပြီ
ညှိနှိုင်းဆွေးနွေး
တိုင်ပင်တဲ့ အချိန်ရောက်ပြီ
အမှားတွေကို ပြု ပြင်ဖို့
အချိန်ရောက်ပြီ
ငါလျှောက်ခဲ့တဲ့လမ်းတွေ
အနီတွေနဲ့ပြည့်လို့
ငါလုပ်ခဲ့တဲ့ အကုသိုလ်
ငါသွားမယ့် ငရဲမှာပြည့်လို့
ငါဘယ်လိုကောင်တုန်းဆိုတာ
ငါဘာသာ ငါမဆုံးဖြတ်
အများကဆုံးဖြတ်မယ်
ငါဆိုတဲ့ အဆွဲ ငါမပြတ်သရွှေ့
ငါ ဆွဲ တစ္ဆေကြီးဖြစ်တော့မယ်
ငါ့ ကို ခွင့်လွှတ်သင့်ရဲ့လား
ငါ့ ကို နားလည်ကြရဲ့လားငါမလို
ငါဘာသာငါသိနေတယ်
ထားလိုက်ပါတော့
ငါ ဟာ သမိုင်းကောင်းမတင်ရင်
သမိုင်းတော့တွင်လိမ့်မည်
ငါ့လို လုပ် ငါ့လို မဖြစ်စေနဲ့
ငါ့ ရဲ့အမှားငါ အလုံးစုံပြန်ကြား
အခု ငါလေ ငါရှုး ရှုးနေပြီလေ………………။

In: ကဗျာ Posted By: Date: Dec 13, 2012
Comment #1

@_@
@_@
@_@

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment