ဖွင့်ဟမိချိန်
ဘယ်တစ်ဆုပ် ညာတစ်ဆုပ်နဲ့ ကြဲထားတဲ့
ယာခင်းထဲ စံပယ်တွေပွင့်မလာဘူးအမိ..
ပန်းသီးခြံတွေထဲ လက်ညှိုးထိုးပြီး
ဒါဧဒင်ဥယျာဉ်ကြီးလားမေးတော့…
ကျုပ်လဲ အာဒံမဟုတ်သလို.. အမိလဲဧဝမဟုတ်ဘူးလေ..
အမိလက်ကလေးကိုင်ပြီး လမ်းလျှောက်တော့
သိပ်ချစ်တာပဲလို့ မင်းမရေရွတ်နဲ့ ….နော်
မင်းမရှိရင်..ကျုပ်ရူးသွပ်သွားမှာကြိုသိထားလို့ ….
ပျောက်မှာကြောက်ပြီး…လက်တွဲထားတာ..အမိရေ
အမိကိုချစ်တယ် ပြောတော့….ဘာမှမစားရသေးဘူး
တော်ကြာ..ပန်းသီးစားပြီးအချစ်စိတ်တွေဖြစ်လာတဲ့
ကမ္ဘာဦးကလူသားနဲ့ ….ကျုပ်ကတူမှာစိုးရိမ်ခဲ့ဖူးတယ်
အိမ်အပြင်ဘက်ကနှင်းထုထဲကိုကြည့်ပြီး
နှင်းတွေကိုသိပ်ချစ်တာပဲလို့ အမိကပြောတဲ့အချိန်…
တကယ်ပါ ကျုပ်လဲ အမိကိုသိပ်ချစ်ပါတယ်။
Comment #2
Big smile

Comment #3
တစ်မျိုးပဲနော် အမိလို့ သုံးထားတယ်..
ချစ်သူကနှင်းတွေကိုချစ်တယ်တဲ့..ခင်ဗျားကိုကောမချစ်ဘူးလား..
တော်ပြီကောင်မလေးနဲ့ တွေ့ ခါနီးရင် ပန်းသီးမစားတော့ဘူး..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမိတဲ့ ကဗျာမှာသုံးတာဒီတစ်ခါပဲမြင်ဖူးတယ် ဖတ်ရတာကောင်းပါတယ်