ဟောင်းနွမ်းသွားအုံးမှာပါ..ဒီဇင်ဘာရယ်
အရင်တုန်းကလို နှင်းတွေကျနေခဲ့တယ်..
လက်တွေလဲ အေးစက်..ငါ့မြို့ ရိုးတွေ အေးခဲ
နွေးတေးတေးမျက်ရည်စက်တွေ………
ဒီအချိန် ဒီကာလတွေ….ကြောက်လန့် 
ငါ့ပြက္ခဒိန်မှာ..၁၂ လ မပြည့်စေနဲ့ 
အလွမ်းတွေမျက်ကွယ်ပြု..
ထီးတစ်ချောင်းအောက်..ခိုလှုံ
ဒါဆောင်းရာသီ..မဟုတ်ပါစေနဲ့ 
ဒိုင်ယာရီ …မပြီးသေးဘူး……….
ဟောင်းခဲ့တဲ့..ဒီဇင်ဘာတွေ.
အက်ကြောင်းတွေထနေတုန်းပဲ..ဆောင်းရာသီရေ
အနွေးထည်လေးတစ်ထည်ရဲ့အောက်
အေးစက်မှု…ခြောက်သွေ့ မှု
အရိပ်တွေပျောက်ဆုံးဆဲပဲ…
နေတစ်စင်းက ငါဖြစ်နေချိန်မှာပေါ့
လမ်းလျှောက်ခဲ့တဲ့ ဖိနပ်တစ်ရံ
ငါအတ္တတွေ ထမ်းပိုးပြီး..ညှင်သာနူးညံ့
ဒီဇင်ဘာအသစ်ထဲ…
ငါ့အတိတ်ဟောင်းတွေ ပြန်တွေ့ ခဲ့တယ်
ရင်ဘတ်အနွမ်းကြီး..ဝတ်လို့ 
နင်လဲဟောင်းသွားမှာ ဒီဇင်ဘာ
နောက်နှစ်တွေမှာ ငါနင့်ကိုရင်ဆိုင်မယ်
ဟင်း…………….
ဒါလဲစကားအဟောင်းပါပဲ ဒီဇင်ဘာရယ်။
Comment #2
နင်လဲဟောင်းသွားမှာ ဒီဇင်ဘာ
နောက်နှစ်တွေမှာ ငါနင့်ကိုရင်ဆိုင်မယ်
ဟင်း…………….
ဒါလဲစကားအဟောင်းပါပဲ ဒီဇင်ဘာရယ်။
အရမ်းမိုက်တယ် … ကြိုက်တယ်
Comment #4
Really?
A tit be lout Kaung Kaung a haung ko dot ma hme naing par bu.
Tan phoe Shi de,,,a yae a chin pyay de a haung laee so yin po soe p pop.
😛
😛
Comment #1
နင်လဲဟောင်းသွားမှာ ဒီဇင်ဘာ
နောက်နှစ်တွေမှာ ငါနင့်ကိုရင်ဆိုင်မယ်
ဟင်း…………….
ဒါလဲစကားအဟောင်းပါပဲ ဒီဇင်ဘာရယ်။