တစ်သက်အချစ်
လမ်းအခွဲမှာ
ဝမ်းနဲဒဏ်ဖြစ် မကျန်ရစ်ချင်
တွယ်ငင်နှောင်တင်း
သူငယ်ချင်းအဖြစ် ယခင်နှစ်များ
တံခါးစေ့ရုံ လှိုက်ရင်ခုံလည်း
နှုတ်မြုံတသ မဖွင့်ဟနိုင်
ပိုင်ဆိုင်ချင်စိတ် အရိပ်အကဲ
ပြမရဲပါ။
ဘယ်မှာသူ့စိတ် ပုန်းအိပ်ခိုနား
ခံစားမူးရီ ချစ်တတ်ပြီလဲ
သဲကွဲသေချာ သိစဉ်မှာလေ
လစ်ဟာမြေ့ကျွမ်း လက်တစ်ကမ်းဝယ်
မှားမှန်းသိလျက် ရှေ့သာဆက်ရင်း
တစ်သက်အချစ် မေ့မပစ်လို
သူ့ကိုတွေ့ရုံ
ပြည့်စုံကျေနပ် ကိုယ်နေတတ်ပြီ
သူ့တွက်ရည်စူး
ကြည်နူးရေးရာ သည်ကဗျာတွေ
သံစဉ်ရှာရင်း သည်သီချင်းတွေ
ဖန်ဆင်းနားလည် ကျန်ခဲ့မယ်နော်။
လင်းမြတ်ရဲ့ကဗျာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice