အချစ်ဦးမို့ပါ-ကဗျာချစ်သူ(ဘုတလင်)
*အချစ်ဦးပေမို့ မချစ်ဖူးသေးလို့ထင်
စွဲလောက်အောင်ဖြင့် အသဲပေါက်အောင်ချစ်သည်
အကဲပိုကာဖြင့် သည်းကိုသည်းလွန်းသည်
အချိန်တွေကြာ အခါတွေညောင်းလာတော့
မမြင်ရရင်ဝပူသည် မတွေ့ရင်လိုက်ချောင်း။
*တိတ်တခိုးအကြည့်မျိုးနှင့် သူခိုးခိုးကြည့်သည်
လူမြင်ရင်ဖြင့် သူတမင်မဟုတ်သလို
အပူရုပ်ကိုဟန်ပြင် မာန်စောင်ကာသူကြည့်
အခြားသူနှင့်စကားဆိုရင် တအားကိုအထင်လွဲ
တမင်ကဲအရွဲ့တိုက်ကာ နောက်တစ်ယောက်ကိုသူတွဲ။
*ကျန်ရစ်သူအဖော်ကွဲကာ ငိုပွဲတွေဆင်
နဂိုကတည်းကစိတ်နာချင် မမြင်အောင်ရှောင်ပုန်း
ရှောင်ပြေးပြီးအတွေ့မခံ ဆုံပြန်တော့ရန်ဖြစ်
နောက်တစ်ယောက်အသစ်ရှာပြီ အချစ်နာကမကုန်သေး
ကိုယ့်ချစ်သူအထင်လွဲအောင် ကဲပါနှင့်လေး။
ကဗျာချစ်သူ
[email protected]
ဟာသဖတ်လိုလျှင်ဖြင့်
www.ads.com.mm/community/funny
Comment #2
ကဗျာလေး ဖတ်လို့ကောင်းသဗျ
ကာရန်နံဘေညီအောင်ရေးတတ်တယ်ဗျာ လေးစားတယ် ~~
With respect,
RAY
Comment #3
ဟဲ..ဟဲ..အချင်းချင်းမြှောက်နေပြန်ပြီ။
Comment #4
ဟိ ကဗျာက ဘယ်လိုလေးမှန်းကိုသိဖူး
Comment #5
ဟဟဟ တကယ်ကိုရေရေလည်လည်မိုက်တယ်ဗျ။
Comment #6
တကယ် Thanks
Comment #1
😛
😛
Ga yu sike say chin loh soe mi tar nay hmar pop.